“The Tale Of Nokdu”ရိုက်ကွင်းပေါ်မှာ မခွဲနိုင်မခွာရက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်

soompi
Sponsored

Jang Dong Yoon နဲ့ Kang Tae Ohတို့ကတော့ “The Tale Of Nokdu” ဇာတ်လမ်းထဲမှာ Jeon Nok Du နဲ့ Yul Moo တို့အဖြစ် သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ မင်းသမီးကတော့ ပရိသတ်တွေတိုင်းချစ်ကြတဲ့ မင်းသမီးလေး Kim Soo Hyun ပါ။ ဒီကနေ့မှာတော့ ဒရာမာရိုက်ကွင်းနောက်ကွယ်က ပုံလေးတွေကို ပရိသတ်တွေအတွက် ထုတ်ပေးလိုက်တာဖြစ်ပါတယ်။

soompi

ရိုက်ကွင်းမှာတော့ မင်းသားနှစ်ယောက်ဖြစ်တဲ့ Jang Dong Yoon နဲ့ Kang Tae Ohတို့က မင်းသမီးနဲ့ထက်တောင် ပိုပြီးတော့ ရင်းရင်းနှီးနှီးရှိနေကြတာကို ပရိသတ်တွေတွေ့ရမှာပါ။ သူတို့နှစ်ယောက်က ဇာတ်လမ်းထဲမှာတော့ အချင်းချင်း မသင့်မြတ်ကြတဲ့ ဇာတ်ကောင်တွေဖြစ်ပေမဲ့လည်း ရိုက်ကွင်းနောက်ကွယ်မှာတော့ နှစ်ယောက်သား မခွဲနိုင်ဖြစ်နေကြတာကို တွေ့ရမှာပါ။ Kang Tae Oh ကတော့ Jang Dong Yoon ကို အနောက်ကနေတောင် သိုင်းဖက်ထားပါသေးတယ်။

READ
ခက်ခဲနေချိန်တိုင်း Jongkook က ကူညီပေးခဲ့တာတွေကို ပြောရင်း ဂျီဟို မျက်ရည်ဝဲ
soompi
Sponsored

ဇာတ်လမ်းထဲမှာလည်း သူတို့နှစ်ယောက်ရဲ့ အတွဲညီတဲ့ သရုပ်ဆောင်မှုတွေကိုတော့ ပရိသတ်တွေက တော်တော်လေး သဘောကျနေကြတာဖြစ်ပါတယ်။ “The Tale of Nokdu”  ဇာတ်လမ်းတွဲကတော့ တနလာင်္ နဲ့ အင်္ဂါနေ့တွေမှာ အပတ်စဉ်ပြသလျက်ရှိပါတယ်။

soompi

Source: soompi

sponsored