သဝန်တိုခြင်းက Relationship တစ်ခုကို ထိခိုက်ပျက်စီးသွားအောင်ထိ လုပ်နိုင်တဲ့ အချက်များ

shutterstock/ Syda Productions
Sponsored

အမြဲတမ်း အဆင်ပြေနေတဲ့ ချစ်သူစုံတွဲရယ်လို့တော့ မရှိနိုင်ပါဘူး။ တစ်ခါတစ်လေ ရန်ဖြစ်စိတ်ကောက်မယ်၊ သဝန်တိုမယ် ဒါဟာ ချစ်သူစုံတွဲတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေပါပဲ။ အမြဲတမ်း အဆင်ပြေနေပြန်ရင်လည်း ဒီဆက်ဆံရေးဟာ အရမ်းပျင်းစရာကောင်းနေမှာပါ။ ဒီတော့ တစ်ခါတစ်လေမှာ သဝန်တိုတာလေးတွေ၊ စိတ်ကောက်ရန်ဖြစ်တာလေးတွေက အချစ်တွေကို ပြန်သစ်လွင်စေပါတယ်။ ဒါပေမယ့်လို့ အရာရာမှာ စည်းဆိုတာ ရှိတတ်ပါတယ်။ လိုတာထက် ပိုပြီး ကိုယ့်ချစ်သူကို သဝန်တိုနေမိရင်တော့ အဲဒီ့ဆက်ဆံရေးဟာ အလွယ်တကူ ထိခိုက်ပျက်စီးလာစေနိုင်ပါတယ်။

မလုံခြုံခြင်းကို ခံစားလာရမယ်

shutterstock/Val Shevchenko

ကိုယ့်ချစ်သူကို အမြဲတမ်း သဝန်တိုနေမိပြီး ကိုယ့်ရဲ့စိတ်ထဲမှာ သဝန်တိုခြင်းကို မွေးမြူလိုက်တဲ့အခါမှာ သင်ကိုယ်တိုင် မလုံခြုံခြင်းကို ခံစားလာရစေပါတယ်။ သူဘာလုပ်လုပ် စိတ်မချနိုင်တာ၊ တစ်ခုခုဆိုတိုင်း သံသယဝင်နေတတ်တာ၊ သူတစ်ယောက်ယောက်နဲ့များနီးစပ်သွားမလား စသဖြင့် စိတ်မအေးဖြစ်ရတတ်ပါတယ်။ အပြင်ပန်းမှာတော့ သင်က အဆင်ပြေတယ်လို့ ထင်ရပေမယ့် စိတ်ထဲမှာတော့ မလုံခြုံခြင်းက ကိန်းအောင်းနေနေတတ်ပါတယ်။

READ
အရမ်းတွယ်ကပ်လွန်းတဲ့ ရည်းစားကြောင့် စိတ်ညစ်နေသူများအတွက် ဖြေရှင်းနည်း

အကြောက်တရား ကြီးထွားလာမယ်

Sponsored

သဝန်တိုတယ်ဆိုတာ ချစ်လို့လို့ လူတို်င်းပြောကြပါတယ် ။ဒါဟာ တစ်နည်းအားဖြင့် မှန်ကန်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လို့ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်ကြောင့်လည်း သဝန်တိုမှုဆိုတာ ဖြစ်လာတတ်တာပါ။ လူတစ်ယောက်ကို အလွန်အကျွံသဝန်တိုမိတဲ့အခါ ကိုယ့်ရဲ့ရင်ထဲက အကြောက်တရားဟာ တဖြည်းဖြည်း ကြီးမားလာတတ်ပါတယ်။ အကြောက်တရားဆိုတာ မထိန်းချုပ်တတ်ရင် ကိုယ့်ကိုတောင် ဝါးမျိုနိုင်စွမ်းရှိပါတယ်။ နောက်ဆုံး အကြောက်တရားက သင့်ကို အမှားတွေလုပ်မိဖို့ တိုက်တွန်းလာတတ်ပါတယ်။

လျို့ဝှက်စွာ စောင့်ကြည့်တတ်လာမယ်

shutterstock/ fizkes

သဝန်တိုမှုတွေများလာတဲ့အခါမှာ စိတ်မချခြင်း ပူပင်ခြင်းတွေနောက်ကိုလိုက်ပြီး သူဘာလုပ်နေတယ်၊ ဘယ်သူနဲ့ရှိနေတယ် စသဖြင့် သူ့ရဲ့အကြောင်းတွေကို သူမသိအောင် တိတ်တိတ်လေး စုံစမ်းလာတတ်ပါတယ်။ နောက်ပြီး ဘာမဟုတ်တဲ့ ကိစ္စတွေကိုလည်း သံသယဝင်လာတတ်ပြီး စွပ်စွဲမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုတိတ်တဆိတ်စုံစမ်းနေတယ်ဆိုကတည်းက သင်သူ့ကို မယုံကြည်တော့လို့ဆိုတာကို ဖော်ပြနေပါတယ်။ ဆက်ဆံရေး တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့က အဓိကကျတဲ့အရာပါ။ ဒီအရာကို သင်ကိုယ်တိုင် ရိုက်ချိုးပစ်လိုက်တဲ့ အခြေအနေကို ရောက်သွားစေပါတယ်။

READ
ကိုယ့်ကိုနာကျင်စေခဲ့တဲ့ Ex နဲ့ ပြန်ပြန်တွဲမိနေတဲ့ အကြောင်းအရင်းများ

အဆင်မပြေတာတွေ များလာမယ်

လူတစ်ယောက်ဟာ ခဏခဏ သဝန်တိုခြင်းတွေခံလာရတဲ့အခါမှာ စိတ်ပျက်လာတတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ ဘယ်နေရာသွားသွား အထင်လွဲမှုတွေပဲ ဖြေရှင်းနေရပြီး သဝန်တိုခြင်းနဲ့ပဲ ရင်ဆိုင်နေရရင်တော့ အဲဒီ့လူဟာ ဒီဆက်ဆံရေးမှာ မပျော်ရွှင်နိုင်တော့ပါဘူး။ ဒီလိုကနေ သည်းမခံနိုင်တဲ့အဆုံးမှာ ပေါက်ကွဲလာတတ်ပြီး ခဏခဏရန်ဖြစ်စကားများရတာတွေ ဖြစ်လာပြီး လမ်းခွဲတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Khin

sponsored