“Hospital Playlist,” ရိုက်ကူးရေး အ တွေ့ အကြုံကို Jeon Mi Do ဝေမျှ

ig/mido_ring
Sponsored

Jeon Mi Do ကတော့ “Hospital Playlist ဆိုတဲ့ ဇာတ်ကား နဲ့ တဟုန် ထိုးနာမည်ကြီးလာခဲ့သူပါ။ သူမက တော့ဒီဇာတ်ကားထဲမှာ ထက်မြက်တဲ့ ဆရာဝန် တစ်ယောက် နေရာ ကနေ ပါဝင် သရုပ်ဆောင် ခဲ့တာပါ။ News1နဲ့ လုပ်တဲ့ အင်တာဗျူး တစ်ခု မှာတော့ “Hospital Playlist,” နဲ့ နာ မည်ကြီးလာတဲ့ အပေါ် သူမရဲ့  ခံစားချက်တွေ ကို ရင်ဖွင့် ခဲ့ပါတယ်။ဒီ အ ကြောင်းကိုေ တာ့ Soompi မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

. . . 시작.

A post shared by 美都 : 아름답고 아름답다. (@mido_ring) on

Sponsored

လက် တ လောမှာတော့ Season 1 ကပြီးခဲ့ပါပြီ။ Jeon Mi Do  ကတော့ “ဒီဇာတ်ကားကို ကျ မတို့ တကယ့် ဆေးရုံမှာ ရိုက် ခဲ့ ကြတာပါ။ ဘာပြဿနာ မှ မရှိပဲ ရိုက်ကူး ရေးတွေ အေး ဆေးပြီး သွားတာကို ၀မ်း သာပါတယ်။ရိုက်ကူး ရေး လုပ်နေချိန်မှာ COVID-19 ကလည်း ဖြစ် နေ တော့ အားလုံးက အဆင် ပြေ ပြေ နဲ့ ပြီးပါ့မလားဆိုပြီး စိုး ရိမ် နေကြတာ။ခက်ခဲ နေတဲ့ အချိန်မှာ ကျ မတို့ ရိုက်ကူး ရေး တွေ လုပ် ခဲ့ရတာ။ဒီဇာတ်ကားကို အား ပေးကြလို့ ကျေး ဇူး တင်ပါတယ်..”ဆိုပြီး ပြောခဲ့ပါတယ်။

Jeon Mi Do ရဲ့ ဇာတ် ကောင် ကတော့  Chae Song Hwa  ပါ။သူမနဲ့ ဇာတ်ကောင်က အရမ်းကို လိုက် ဖက် လွန်း နေတာကိုတော့ ဇာတ်ကားကြည့် ဖူးသူတိုင်း တွေ့ ကြမှာပါ။ အရမ်း တော်၊ အရမ်းထက် တဲ့ ဆရာဝန် တစ်ယောက် အဖြစ် သရုပ်ဆောင်ရတဲ့ အပေါ် ကိုလည်း “ ဇာတ် ကောင် နေရာက အရမ်း  ကောင်းတယ်။ကျမ တောင်မှ တကယ့်အပြင် မှာ ကျ မရဲ့ ဇာတ်ကောင်လို လူမျိုး ဖြစ် ချင် လာတယ်။သီချင်း ကောင်း ကောင်းမဆို တတ် ပေမယ့် Band တစ်ခုလည်း ရှိတယ်။သူက အစား စားရတာ ကြိုက်တဲ့ လူမျိုး၊ ဒီ အချက် တွေ က သူမကို ပိုပြီး တော့ နှစ်လို ဖွယ် ကောင်းစေတာ  လို့ ကျမ ထင်တယ်..” ဆိုပြီး သူမရဲ့  ဇာတ်ကောင် အ ပေါ် အမြင် ကို ပြန်လည် ဝေမျှ ခဲ့ပါတယ်။

ဒီဇာတ်ကားကြောင့် နာမည်ကြီးလာတဲ့ အပေါ် ကိုလည်း “ မကြာ သေးခင်ကမှ ကျမ လည်း နည်းနည်း သတိ ထားမိလာတာ။အမှန်အ တိုင်း ပြောရရင် ကျမ က Comment တွေ ၊တုံ့ပြန် မှုတွေ နဲ့  ကြောက်လို့ ခပ်ဝေးဝေးမှာ နေ နေတာ၊ကျမ သီချင်း နံပါတ် တစ် ဇာတ်ဝင် သီချင်း နေရာမှာ ရောက် သွားတာ ကျ မ တွေ့လိုက်တယ်၊ ပြီးတော့ ကျမရဲ့ IG က နေ လူတွေ အများကြီး ကျမ ဆီကို msg တွေ ပို့ ကြတယ်။လမ်း ပေါ် သွားရင်လည်း ကျမ ကို မှတ် မိတဲ့ လူတွေ  ပိုများလာတယ်။ကျမ ဒီအတိုင်း သွားလာ နေရင် တောင် လူတွေ က ကျမကို မှတ်မိမှာ မဟုတ်ဘူး ထင် နေတာ၊ဒါပေမယ့် ကျမ Mask တပ်ထားတာတောင်မှ သူတို့ ကျမ ကို မှတ်မိ နေကြတယ်…”

 

View this post on Instagram

 

. . . 감사합니다. 너무나도.

A post shared by 美都 : 아름답고 아름답다. (@mido_ring) on

Jeon Mi Do  က Band နဲ့ ရိုက်ကူးရတဲ့ အပေါ် ကိုလည်း  “ မနှစ် က နှစ်ကုန် ပိုင်းလောက်မှာ ဒီကားရိုက်ကူးရေးတွေ ကို စ ခဲ့တာ၊Bass တီး တာကို နွေရာသီ လောက်တုန်းက ကျမ စပြီး လေ့လာ ခဲ့တာ။ Kim Dae Myung ကတော့ နွေဦး မှာ စန္ဒရားသင်တန်း တက်ခဲ့တာ။ကျမတို့ တွေ ကိုယ့်ဟာကိုယ် ပဲ လေ့ကျင့်ပြီး ပြီးမှ အတူတူ တီးကြတာ။ရိုက်ကူးရေး မစ ခင် ကျမတို့  မကြာခဏ ဆုံဖြစ်ကြ တော့ ရိုက်ကူးရေးလဲ လုပ်ရော ကျမ တို့ ရင်းနှီးနေကြပြီလေ .အဲ့တော့ ရိုက်ကူးရေးကျ တော့ ပို လွယ်သွားတာ ပေါ့..” ဆိုပြီးေ တာ့လည်း ပြောခဲ့ပါတယ်။

sponsored