အဆိုတော် တစ်ယောက်လည်း ဖြစ်သလို ဒီဇိုင်နာ တစ်ယောက်လည်း ဖြစ်တဲ့ Jessica ကတော့ သူမရဲ့ အမေနဲ့ date လုပ်ခဲ့ကြောင်းကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။သူမရဲ့ ကိုယ်ပိုင် YouTube Channel ကနေ သူမရဲ့ တစ်နေ့တာအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပြီး တစ်နေ့တာ အစီအစဉ်ထဲမှာ သူမရဲ့မိခင်နဲ့ အတူ အပြင်ထွက်လည်တာမျိုးပါ ပါဝင်လာခဲ့တယ်လို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။
View this post on Instagram
နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သူမရဲ့ YouTube Channel ကနေ အဲ့ဒီ vlog တင်ထားခဲ့တာ ဖြစ်ပြီး ဒီနှစ်ရဲ့ အကြီးမားဆုံးအစီအစဉ်တွေထဲက တစ်ခုကို အကောင်အထည်ဖော်ခြင်းလို့ caption တပ်ထားခဲ့ပါတယ်။
View this post on Instagram
သူမရဲ့ ဗီဒီယိုထဲမှာတော့ သူမရဲ့ တစ်နေ့တာကို ရိုက်ထားခဲ့ပြီး သူမရဲ့ BLANC & ECLARE ဆိုင် ဖွင့်ဖို့ ပြင်ဆင်နေတာလည်း ပါဝင်ပါတယ်။ အလုပ်ပြီးတဲ့နောက်မှာ လေ့ကျင့်ခန်း လုပ်ဖို့အတွက် Pilates Class ကို သွားခဲ့ပါသေးတယ်။ သင်တန်းရောက်တဲ့အခါ သူမက လေ့ကျင့်နေရင်းနဲ့ “လူတွေကတော့ ကျွန်မ ဒီလိုမျိုး လေ့ကျင့်ခန်းတွေ အမြဲလုပ်တယ်လို့ ထင်ကြမှာပဲ။ ကျွန်မက ဒီလို လေ့ကျင့်ရတာကို ပျော်ပြီး နှစ်သက်တယ်လို့လည်း ထင်ကြမှာပါ။ ဒါပေမယ့် တကယ်တော့ ပုံမှန်ထက် ပိုပြီး ခံစားရခက်ပါတယ်လို့ ရယ်ပြီး ပြောပြခဲ့ပါတယ်။” သူမရဲ့ trainer ကတော့ သူမ စကားလည်း ဆုံးရော “ အခုတော့ လေ့ကျင့်ခန်းတွေ လုပ်လို့ လှတာကို သိပြီမလား၊ ပြီးတော့ အားအင်တွေ တက်လာသလိုလည်း ခံစားရတယ်မလား” လို့ သူမကို တုန့်ပြန်ခဲ့ပါတယ်။
View this post on Instagram
လေ့ကျင့်ခန်းပြီးတဲ့နောက်မှာတော့ သူမက အမေနဲ့အတူ ညစာ စားခဲ့ပါတယ်။ Jessica ကတော့ သူမရဲ့ အမေနဲ့ အခုလို အပြင်ထွက်ဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကို ဖွင့်ပြောလာခဲ့ပါသေးတယ်။ ဒီနေရာကို ပြောင်းလာတာ လေးနှစ် ရှိပေမယ့် တစ်ခါမှ ပတ်ဝန်းကျင်ကို လမ်းပတ်မလျှောက်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ အမေကလည်း အိမ်ပြောင်းလာတာ လေးနှစ် ရှိပေမယ့် တစ်ခါမှာ အပြင်ကို လမ်းလျှောက် မထွက်ဖြစ်သေးဘူးလို့ ပြောလာလို့ အခုလို လေးနှစ်ကြာမှ အမေနဲ့အတူ လမ်းလျှောက်ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အမေနဲ့အတူ ရပ်ကွက်ထဲက ကစားကွင်းထဲမှာ ဒန်းလည်း စီးနေခဲ့ပြီး သူမကတော့ အပျော်ကြီး ပျော်နေခဲ့ပါတယ်။ သူမကတော့ ဖက်ရှင်ဒီဇိုင်နာ အဖြစ် အလုပ်လုပ်နေလျက် ရှိပြီး သူမရဲ့ ပထမဆုံးဝတ္ထုကိုလည်း စက်တင်ဘာလမှာ ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။
Kham