Ji Chang Wook က တော့ ဒရမ်မာဇာတ်ကားသစ်တွေကို တစ်ကားပြီး တစ်ကား ရိုက်ကူး နေပါတယ်။စစ်မှုထမ်း ပြန်လာ ပြီး နောက်ပိုင်းတည်းက ကားရိုက်တွေကို မနားပဲ ဆက်တိုက်ဆိုသလို ရိုက်နေတာပါ။ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ Sports World က နေ Ji Chang Wook တစ်ယောက် နောက်ထပ် ဇာတ်ကားသစ် ရိုက်ဖို့ ဆွေးနွေးနေတယ် ဆိုပြီး ဖော်ပြခဲ့ပါတယ်။ Netflix Original series “Annarasumanara” မှာ ခေါင်းဆောင် မင်းသား Lee Eul ဆိုတဲ့ ဇာတ်ကောင် နေရာ အတွက် ပါ။ဒီအကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။
View this post on Instagram
“Annarasumanara” ထဲက Lee Eul ဆိုတဲ့ ဇာတ်ကောင်က တော့ စွန့်ပစ်ထားတဲ့ ဥယျာဉ်ကြီးထဲမှာ နေတဲ့ မျက်လှည့် ဆရာ ပါ။တစ်စုံ တစ်ယောက်နဲ့ တွေ့ ရင် “ မှော်ပညာ မျက်လှည့် ပညာကို ယုံလား..” ဆိုပြီး ထူးဆန်းတဲ့ မေး ခွန်းကို မေး လေ့ ရှိ ပြီး ဒီ အချက် ကြောင့်ပဲ သူနဲ့ ပတ်သက်တဲ့ ထူးထူး ဆန်းဆန်း သတင်းတွေ ထွက်ပေါ် နေတာပါ။Glorious Entertainment ရဲ့ ဖော်ပြ ချက် အရ တော့ “Netflix Original ‘Annarasumanara’ က Ji Chang Wook ကို ကမ်းလှမ်းထားတဲ့ ဇာတ်ကားတွေ ထဲက တစ်ကား ပါလို့ ပြော ခဲ့ပါတယ်။ဒီဇာတ်ကားက တော့ နာမည်ကြီး webtoon ရေးသူ Ha Il Kwon ရဲ့ လက်ရာ ကို ပြန်လည် ရိုက်ကူး မှာပါ။
View this post on Instagram
View this post on Instagram
အဲ့ဒီ webtoon က တော့ ဘ၀ကို ခက်ခဲ ရုန်းကန် ခဲ့ရပြီး မျက်လှည့်ဆရာ ဖြစ်ချင်တဲ့ အိမ်မက်ကို စွန့် လွှတ် ခဲ့ရတဲ့ မိန်း ကလေး က ထူးဆန်းတဲ့ မျက်လှည့်ဆရာနဲ့ ဆုံဆည်းတဲ့ အ ကြောင်းလေးပါ။ဒီကားကိုတော့ ဒါရိုက်တာ by PD (producing director) Kim Sung Yoon က ရိုက်မှာပါ။သူက တော့ “Love in the Moonlight,” JTBC ရဲ့ “Itaewon Class,” တို့ကို ရိုက်ကူး ခဲ့တဲ့ ဒါရိုက်တာ ပါ။Ji Chang Wook က တော့ ဒီနှစ်ထဲမှာ Kim Yoo Jung နဲ့ အတူ သရုပ်ဆောင်ထားတဲ့ “Backstreet Rookie” ကား ထွက်ရှိခဲ့ပါတယ်။KakaoTV original drama “Lovestruck in the City” မှာလည်း Kim Ji Won နဲ့ အတူ သရုပ်ဆောင်ထားပါတယ်။ဒီဇင်ဘာ ၈ ရက်နေ့မှာ စပြမှာပါ။
View this post on Instagram
#AUNTYMAY