ဒရမ်မာ ကားသစ် ရိုက်ကူးမယ့် Kim Ji Won နဲ့ Ji Chang Wook

Image:IG/Kim Ji Won & Ji Chang Wook
Sponsored

မင်းသား Ji Chang Wook နဲ့ Kim Ji Won တို့ က တော့ ဒရမ်မာ ဇာတ်ကားသစ် အတူ ရိုက် တော့မှာပါ။စက်တင်ဘာ (၂၁) မှာတော့ KakaoTV ရဲ့ “City Couple’s Way of Love” (ယာယီ ပေးထားတဲ့ နာမည်) မှာ ပါဝင် သရုပ်ဆောင် မယ်လို့ အတည်ပြု ခဲ့ပါတယ်။ဒီဇာတ်ကားကိုတော့ (၂၀၂၀) နှစ်ကုန်ပိုင်း လောက် မှာ ပြသ တော့မှာပါ။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

Sponsored

ဒီဇာတ်ကားက တော့ အချစ်ဒရမ်မာ ဇာတ်ကားလေးပါ။ကသီကလင် နိုင် လွန်းတဲ့ မြို့ မှာ လူငယ် တွေ ဒိတ် လုပ် ရတဲ့ အ ကြောင်းလေးပါ။ “It’s Okay to Not Be Okay,” “Encounter,” “Don’t Dare to Dream (Jealousy Incarnate).” ဆိုတဲ့ ဇာတ်ကားတွေကို ရိုက်ကူးတဲ့ ဒါရိုက်တာ Park Shin Woo က ရိုက်မှာပါ။ အပိုင်းတွေက တော့ မိနစ် (၃၀)ပဲ ကြာမှာပါ။ဇာတ်ညွှန်းကိုတော့ Jung Hyun Jung က ရေး တာပါ။ “I Need Romance” နဲ့ “Romance is a Bonus Book.” တို့ ကို ရေးခဲ့တဲ့ သူပါ။


Ji Chang Wook က တော့ ဒီဇာတ်ကားမှာ Park Chae Won နေရာ က နေ ပါဝင်မှာပါ။ရိုးသာားကြိုးစားတဲ့ ဗိသုကာ သမား တစ် ယောက် ဖြစ်ပြီး “camera thief” ဆိုပြီး သူ ခေါ် တဲ့ နွေရာသီ ည တစ်ည မှာ သူ့ရဲ့ နှလုံးသားကို ဖမ်းစားပြီး ပျောက်သွားတဲ့ မိန်းက လေး ကို တောင့် တ နေသူ ပါ။
Kim Ji Won က တော့ Lee Eun Oh ဆိုတဲ့ freelance marketer တစ်ယောက် အဖြစ် တွေ့ ရ မှာပါ။မှတ်ပုံတင်တု၊ပတ်ဝန်းကျင် အသစ်မှာ နေဖို့ ဆုံးဖြတ် ခဲ့ရင်းနဲ့ Yoon Sun Ah ဆိုပြီး နေ နေရာ က နေ Park Chae Won နဲ့ ချစ်မိသွားမှာပါ။

 

View this post on Instagram

 

🙂

A post shared by 지창욱 (@jichangwook) on

ဇာတ်ကားနဲ့ ပတ်သက်ပြီး Ji Chang Wook က တော့“ကျွန် တော် အလုပ်လုပ်ချင်တဲ့ Jung Hyun Jung နဲ့ ဒါရိုက်တာ Park Shin Woo တို့ နဲ့ တွဲ လုပ်ရမှာ ဖြစ်တာ ကြောင့် ဇာတ်ကားရိုက်ကူးရေး အတွက် ပြင်ဆင် နေရ တဲ့ အချိန် မှာ စိတ်လှုပ်ရှားမိတယ်..” လို့ ပြောခဲ့ပါတယ်။Kim Ji Won ကလည်း “ဒီလို တော် တဲ့ ဒါရိုက်တာ၊သရုပ်ဆောင်၊ရိုက်ကူးရေး အဖွဲ့နဲ့ တွဲ လုပ်ရမယ့် အတွက် စိတ်လှုပ်ရှားမိပါတယ်။ Lee Eun Oh ဇာတ်ကောင် နေရာ က နေ သရုပ်ဆောင် ဖို့ ကြိုးစား ပြီး ပြင်ဆင် နေပါတယ်။လူတွေ ကို ပျော်ရွှင်မှု အနည်းငယ် ပေးနိုင်ဖို့ မျှော်လင့်ပါတယ်..” လို့ ပြောခဲ့ပါတယ်။ “City Couple’s Way of Love” ကိုတော့ (၂၀၂၀) နှောင်းပိုင်းမှာ ပြသ မှာပါ။

 

View this post on Instagram

 

#harpersbazaar 💙

A post shared by 김지원 (@geewonii) on

#AUNTYMAY

sponsored