မကြာခင် ဒရာမာဇာတ်လမ်းတွဲသစ် ရိုက်ကူးမှုမှာ ပြန်လည်တွေ့မြင်ရမယ့် မင်းသားချော Ji Sung

ig/@isungmyworld
Sponsored

မင်းသားချော Ji Sung ကတော့ ဒရာမာ ဇာတ်လမ်းတွဲသစ်နဲ့အတူ သူ့ရဲ့သရုပ်ဆောင်မှုတွေကို ပြန်လည် တွေ့မြင်ရတော့မှာပါ။ Ilgan Sports ကနေပြီးတော့ မင်းသား Ji Sung ရဲ့ ဒရာမာဇာတ်လမ်းတွဲသစ် ‘The Devil Judge’ မှာပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လိုက်တယ်ဆိုတဲ့အကြောင်းကို SBS news ကခုလိုဖော်ပြထားပါတယ်။

https://www.instagram.com/p/B09hw6Vpv_1/?utm_source=ig_embed&utm_campaign=loading

Sponsored

‘The Devil Judge’ ဆိုတဲ့ ဇာတ်ကားက လူတွေရဲ့ ဖုံးကွယ်ထားတဲ့ မကောင်းတဲ့လျို့ဝှက်ချက်တွေကို ဖော်ထုတ်သွားမယ့် အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသား Ji Sung က ‘Kang Yo-han’ ဆိုတဲ့ ဇာတ်ကောင်နေရာကနေ အမှန်တရားဘက်တော်သားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ လိုက်ဖက်လွန်းတဲ့ ကာရိုက်တာဖြစ်လို့ ဒီဇာတ်ကားအတွက် ကမ်းလှမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Ji Sung ရဲ့အေဂျင်စီက ခုလိုပြောကြားထားပါတယ် “ ဟုတ်ပါတယ် Ji Sung ကမကြာသေးခင်က ‘The Devil Judge’ ဆိုတဲ့ဇာတ်ကားအတွက် ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီး ဇာတ်ညွှန်းကိုသဘောကျတဲ့အတွက် လက်ခံဖို့ ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး ပြောကြားထားပါတယ်။ မင်းသား Ji Sung ကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြီးသွားတဲ့ ‘Doctor John’ ပြီးနောက်မှာ ဒီဇာတ်ကားကို လက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ ‘The Devil Judge’ ဆိုတဲ့ ဒရာမာ ဇာတ်လမ်းတွဲသစ်ကိုတော့ နှစ်မကုန်ခင်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Khin

sponsored