ခင်ပွန်းကို သမ္မတ မလုပ်ဖို့ တားခဲ့ဖူးတဲ့ သမ္မတကတော် ဒေါက်တာ Jill Biden အကြောင်း

Instagram- @drbiden
Sponsored

အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတသစ် Joe Biden ကတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ကပဲ သမ္မတအဖြစ် အိမ်ဖြူတော်ထဲကို တရားဝင်ဝင်ရောက်ခွင့်ရသွားခဲ့ပြီပဲဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဇနီးသည် Jill Biden ဟာလည်းပဲ အမေရိကန်ရဲ့ မိခင် first lady ဖြစ်လာခဲ့ပါတယ်။ Jill Biden ဟာ တော်ရုံသာမန်အမျိုးသမီးတစ်ယောက်မဟုတ်ဘဲနဲ့ smart သိပ်ကျတယ်ဆိုပြီးတော့ လူတွေရဲ့ မှတ်ချက်ပေးခြင်းကိုခံနေရသလို ခင်ပွန်းဖြစ်သူ သမ္မတဝင်အရွေးခံဖို့ကိုလည်း သဘောမကျခဲ့တဲ့အမျိုးသမီးပါ။ ဒီတော့ သူမရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းလေးတွေကို ဖတ်ကြည့်ရင်း ဘယ်လိုလူစားမျိုးလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။

 

View this post on Instagram

 

A post shared by Dr. Jill Biden (@drbiden)

Sponsored

Joe Biden နဲ့ စတင်တွေ့ဆုံခြင်း

၁၉၅၁ ခုနှစ်ဖွားဖြစ်ပြီးတော့ နယူးဂျာဆီသူတစ်ယောက်ပါ။ Joe Biden ရဲ့ ဒုတိယမြောက်အိမ်ထောင်ဖြစ်ပြီးတော့ ၁၉၇၇ ခုနှစ်မှာ နှစ်ယောက်သား လက်ထပ်ခဲ့ကြပါတယ်။ အရင်အိမ်ထောင်နဲ့ သားနှစ်ယောက်ရှိတဲ့ Joe Biden နဲ့ ထပ်ပြီးတော့ သမီးလေးတစ်ယောက်ကို မွေးခဲ့ပါသေးတယ်။ Joe Biden နဲ့ ဘယ်လိုတွေ့ခဲ့တာလဲဆိုတော့ Joe Biden ရဲ့ အစ်ကိုစီစဉ်ပေးခဲ့တဲ့ blind date ကနေ တွေ့ခဲ့တာပါတဲ့လေ။ အဲဒီအချိန်တုန်းက Joe Biden ဟာ US ရဲ့ လွှတ်တော်အမတ်ဖြစ်နေခဲ့ပါပြီ။ လက်ထပ်ပြီးတော့လည်း US ရဲ့ second lady အဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ထမ်းဆောင်နိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Dr. Jill Biden (@drbiden)

 

READ
“The King: Eternal Monarch” အဖွဲ့သားတွေနဲ့ ညစာစားခဲ့တဲ့ပုံကို တင်လိုက်တဲ့ Lee Min Ho

Jill Biden ဘာလုပ်သလဲ

Jill Biden ဟာ Delaware တက္ကသိုလ်မှ PhD ဘွဲ့အထိယူခဲ့ပြီးတော့ West Chester နဲ့ Villanova စတဲ့ တက္ကသိုလ်မှာလည်း မာစတာဘွဲ့တွေယူခဲ့ပါသေးတယ်။ ပြီးပြီးချင်းမှာပဲ အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာဘာသာရပ်ကို ၁၃ နှစ်အကြာ သင်ခဲ့ပါသေးတယ်။ ဒီအပြင် စိတ်ကျန်းမာရေးဆေးရုံးမှာလည်း စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့ ကလေးလေးတွေအတွက် နည်းပြဆရာမကိုပါ တစ်ပါတည်းလပ်ုဆောင်နေခဲ့တာပါ။

 

View this post on Instagram

 

A post shared by Dr. Jill Biden (@drbiden)

၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိကိုလည်း Delaware Technical & Community ကောလိတ်မှာ အင်္ဂလိပ်စာနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ နောက် ၂၀၀၉ ခုနှစ်မှာတော့ Northern Virginia Community ကောလိတ်ကိုပြောင်းပြီး စာသင်ခဲ့ပြန်ပါတယ်။ Michelle Obama နဲ့လည်း ပူးပေါင်းပြီး Joining Forces ဆိုတဲ့ သမ္မတအိမ်တော်မိသားစုများအဖွဲ့စည်းကိုလည်း အိမ်ဖြူတော်အတွက် ဖွဲ့ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Dr. Jill Biden (@drbiden)

လခစား သမ္မတကတော်

READ
အနေဝေးနေတဲ့ သင်တို့နှစ်ယောက်ကို နှလုံးသားချင်းနီးစေမယ့် နည်းလမ်းလေးတွေ

First lady ဖြစ်လာပြီဆိုရင် သမ္မတကတော်တွေအားလုံးဟာ သမ္မတကတော်ဆိုတဲ့ တာဝန်တွေကိုပဲ ဦးစားပေးပြီး လုပ်ကိုင်လေ့ရှိကြပါတယ်။ ဒါပေမဲ့လည်း Jill Biden ကတော့ သူမရဲ့ စာသင်ကြားတဲ့အလုပ်ကို ဆက်လုပ်မှာဖြစ်တဲ့အတွက် အိမ်ဖြူတော်ထဲ လခစားသမ္မတကတော်အဖြစ် ပထမဆုံးသော first lady ဖြစ်လာခဲ့ပါတယ်။ Dr. Jill Biden အဖြစ်သာ ခံယူသွားမှာပါတဲ့။

 

View this post on Instagram

 

A post shared by Dr. Jill Biden (@drbiden)

 

ခင်ပွန်းသမ္မတဝင်အရွေးခံမှာကို သဘောမတူခဲ့တဲ့သူမ

Joe Biden တစ်ယောက် ၂၀၀၄ ခုနှစ်တုန်းက သမ္မတဝင်အရွေးခံမယ်လုပ်တော့ Jill တစ်ယောက် လုံးဝကို သဘောမတူခဲ့တာပါ။ သူမပြောပုံအရဆိုရင် Joe တစ်ယောက် meeting လုပ်နေတုန်း ဗိုက်မှာ “NO” ဆိုပြီး ရေးထားတဲ့ ရေကူးဝတ်စုံကိုဝတ်ပြီး ခင်ပွန်းကို ဆန္ဒပြခဲ့တယ်ဆိုပဲ။

ခွင့်တစ်ရက်မှမယူခဲ့

Jill တစ်ယောက် သူမရဲ့စာသင်နှစ်တွေမှာ ခွင့်တစ်ရက်မှမယူဘဲနဲ့ကို စာသင်လာခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၀ ထဲလုပ်ခဲ့တဲ့ Joe Biden ရဲ့မဲစွယ်ပွဲတွေမှာတော့ ဝင်ကူညီပေးဖို့အတွက် ရှိသမျှခွင့်ရက်တွေကို ယူခဲ့တာပါတဲ့။

 

View this post on Instagram

 

A post shared by Dr. Jill Biden (@drbiden)

penny

 

sponsored