Jo Jung-suk ကိုဆရာဝန်အနေနဲ့တွေ့ရမယ့် K drama အသစ်လေး

Instagram-jojungsuk
Sponsored

2020 ကတော့ K drama တွေရဲ့နှစ်လို့ပြောလို့ရတယ်နော်။ မတွေ့တာကြာပြီဖြစ်တဲ့ မင်းသားမင်းသမီးတွေရဲ့ ဇာတ်လမ်းတွဲအသစ်တွေ အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲတွေလဲ အများကြီးထွက်မှာနော်။Netflix ရဲ့ Original K Drama တစ်ခုဖြစ်တဲ့ Hospital Playlist ကတော့ အခုထွက်ရှိလာပါပြီ။ ဒီဇာတ်လမ်းတွဲကို ဘာလို့ကြည့်သင့်လဲ ဆိုတဲ့အချက်လေးတွေ ပြောပြမယ်နော်။

(၁) ဇာတ်လမ်းတွဲတော်တော်များများမှာ အဓိကသရုပ်ဆောင်ကို တစ်ယောက်နှစ်ယောက်ပဲ ထားတဲ့အချိန်မှာ ဒီဇာတ်လမ်းတွဲမှာတော့ အဓိကသရုပ်ဆောင် ငါးယောက်တောင်ရှိပါတယ်တဲ့။ ဆေးကျောင်းမှာထဲက အခင်ဆုံးသူငယ်ချင်းငါးယောက် အကြောင်းဇာတ်အိမ်တည်ထားပြီး တစ်ဦးချင်းစီရဲ့မတူညီတဲ့ အချက်လေးတွေ အလွဲလေးတွေကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်နော်။ အခင်ဆုံးသူငယ်ချင်းငါးယောက် ဆေးရုံမှာတူတူလုပ်တယ်ဆိုတော့ အလွဲလေးတွေ ရယ်စရာလေးတွေလဲ ပါမှာ အသေအချာပါပဲ။

Sponsored

https://www.instagram.com/p/B-EVKhBnoj1/

(၂) ဆေးပညာနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွဲတွေ ကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲကိုလဲ ထိုင်ရာကနေမထပဲ ကြည့်မှာအသေအချာပဲနော်။ ရယ်လဲရယ်ရမယ်၊ ဆေးပညာဗဟုသုတလဲရမယ် ၊ ပျင်းလဲမပျင်းရဘူး ဆိုတဲ့ ပရိသတ်တွေအတွက် ဒီဇာတ်လမ်းတွဲလေးက အကြိုက်တွေ့စေမှာ အသေအချာပဲနော်။

(၃) တချို့ဆေးပညာနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွဲတွေက အရမ်း Heavy ဖြစ်တာများတယ်နော်။ ဒီဇာတ်လမ်းတွဲလေးကတော့ ဆေးပညာအပြင် သူငယ်ချင်းဆက်ဆံရေး၊ ဟာသလေးတွေ အလွဲလေးတွေနဲ့ ဇာတ်အိမ်အခိုင်အမာတည်ဆောက်ထားတာပါတဲ့။

https://www.instagram.com/p/B97v1ZDnyia/

READ
တစ်ခါမမြင်ဖူးခဲ့တဲ့ ပုံစံအသစ်တစ်မျိုးနဲ့အမိုက်စား မြင်တွေ့ခဲ့ရတဲ့ Black Pink's Jisoo

(၄) အသက်ကြီးလာတာနဲ့အမျှ သူငယ်ချင်းတွေ နည်းလာတက်တာတော့ ထုံးစံတစ်ခုလိုပါပဲ။ ဆေးကျောင်းမှာထဲက သူငယ်ချင်းတွေက ဆေးရုံတစ်ခုထဲမှာ အလုပ်တူတူလုပ်တယ်၊ အခင်အမင်လဲမပျက်တဲ့ အပြင် ပိုတောင်ချစ်ကြသေးတယ်ဆိုတာ ဒီဇာတ်လမ်းတွဲမှာ တွေ့မြင်ရမှာပါ။ တစ်ချို့သော သူငယ်ချင်းတွေက အချိန်ကြာလာတာနဲ့အမျှ ပိုပြီးလဲခိုင်မာလာတယ်ဆိုတာကို ဒီဇာတ်လမ်းတွဲလေးက ဖော်ပြသွားမှာပါ။

(၅) တစ်ချိန်လုံးငိုနေရတာ၊ စိတ်ညစ်နေရတာလဲ မဟုတ်သလို တစ်ချိန်လုံး ရယ်နေရတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘူးနော်။ ဝမ်းနည်းစရာတွေနဲ့ ပျော်ရွင်စရာတွေကို မျှမျှတတ ဖြစ်အောင် ဒီဇာတ်လမ်းတွဲလေးက ရိုက်ပြထားပါတယ်တဲ့။

https://www.instagram.com/p/B96YxZlnxKF/

TPS

sponsored