Jun Ji Hyun ပြောပြခဲ့တဲ့ သူမရဲ့အလှတရားနောက်ကွယ်က လျှို့ဝှက်ချက်

ig/@junjihyun_81
Sponsored

Jun Ji Hyun ဆိုရင်တော့ ပရိသတ်တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၀၁ ခုနှစ်မှာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ “My Sassy Girl” ဆိုတဲ့ဇာတ်ကားနဲ့ ဝက်ဝက်ကွဲအောင်မြင်မှုတွေကို ရရှိခဲ့ပြီး “My Love From Another Star” နဲ့ “Legend Of The Blue Sea” တို့နဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ Jun Ji Hyun ဟာ ၂၀၁၂ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် သားလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။

Sponsored

Jun Ji Hyun ဟာ သူမရဲ့အပိုအလိုမရှိပဲ ကျွမ်းကျင်ပိုင်နိုင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးရုံသာမက သူမရဲ့ ရင်သက်ရှူမောဖွယ်အလှတွေနေဲ့ ပြေပြစ်တဲ့ခန္ဓာကိုယ်အချိုးအစားတွေကြောင့်လည်း ပရိသတ်ရဲ့ အသဲစွဲမင်းသမီး တစ်လက်ဖြစ်နေရတာပါ။ အသက် ၃၈ နှစ်တိုင်အောင် ၂၀ ကျော်အပျိုလေးတစ်ယောက်လို ဖလန်းဖလန်းနဲ့ ပရိသတ်ကို စွဲဆောင်ထားနိုင်တဲ့ သူမရဲ့အလှတရားတွေကို ဘယ်လိုထိန်းသိန်းခဲ့လဲဆိုတာ ပြောပြခဲ့တဲ့အကြောင်းကို Koreaboo မှာဖော်ပြထားခဲ့ပါတယ်။

READ
ပရိတ်သတ်တွေ သိပ်မသိလောက်သေးတဲ့ Lalisa ရဲ့ဘ၀အစိတ်အပိုင်းတစ်ချို့

Jun Ji Hyun ပြောပြခဲ့တဲ့ သူမအလှတရားရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကတော့ “လေ့ကျင့်ခန်းလုပ်ခြင်းပဲ” ဖြစ်ပါတယ်။ ပြောရရင် လေ့ကျင့်ခန်းလုပ်ပြီး သူမရဲ့အလှတရားကို ထိန်းသိန်းတာမျိုးပေါ့။ လေ့ကျင့်ခန်းလုပ်တာက သူမအတွက် အသက်ရှူသလိုမျိုး အရေးပါတဲ့အရာတစ်ခုလို့ ပြောခဲ့ပါတယ်။

မနက်ဆိုရင် သူမဟာ ၆ နာရီထပြီး ၁ နာရီလောက် လေ့ကျင့်ခန်းလုပ်ပါတယ်။ လေ့ကျင့်ခန်းက သူမရဲ့တစ်နေ့တာမှာ အရမ်းကိုအရေးကြီးတဲ့ အရာတစ်ခုလို့ ပြောခဲ့ပါတယ်။ တစ်ခြားအရာတွေ မလုပ်ဖြစ်ရင်တောင် လေ့ကျင့်ခန်းကိုတော့ ပုံမှန်မပျက်မကွက် လုပ်လေ့ရှိပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့နေရာမှာလည်း အမျိုးအစားစုံလင်စွာလုပ်ဖြစ်အောင် တစ်နေ့ကို ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်မယ်ဆိုပြီး အစီအစဉ်ဆွဲပြီး မှတ်ထားလေ့ရှိပါတယ်။ ဒါ့အပြင် ပိုမိုထိရောက်တဲ့ ရလဒ်မျိုးရအောင်  လေ့ကျင့်ခန်းလုပ်ပြီး အနားယူရမယ့်ရက်တွေမှာလည်း သေချာအချိန်ပေးပြီး နားလေ့ရှိပါတယ်။ ၁ ပတ်မှာ အပိုင်း ၃ ပိုင်းခွဲကစားလေ့ရှိပြီး လေ့ကျင့်ခန်းတွေ စမလုပ်ခင်မှာ အမြဲ ၁နာရီလောက် Cardio လုပ်လေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။

သူမရဲ့နည်းလမ်းက ဘယ်လောက်ထိရောက်မှုရှိလဲဆိုတော့ Jun Ji Hyun ကိုပဲကြည့်လိုက်ပါတော့။ ကဲ အခုဆိုရင် Jun Ji Hyun ရဲ့လျှို့ဝှက်နည်းကို သိပြီဆိုတော့ ပျိုမေတို့လည်း အခုကစပြီး လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းနဲ့တော့နော်။

READ
တောင်ကိုးရီးယား ထိပ်တန်းမင်းသား Lee Min Ho ရဲ့ ရည်းစားဟောင်းများ

ET

sponsored