ဒေါ်လာ ၁၇ သန်းကျော် အကုန်အကျခံ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲမှာ ပါဝင်မယ့် Jun Jihyun

IG/jun jihyunofficial
Sponsored

ဇာတ်လမ်းတွဲတွေမှာ မမြင်ရတာ ၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ သူမက ပရိသတ်ရှေ့ကို ပြန်ရောက်လာခဲ့ပါပြီ။

သူမကတော့ သရုပ်ဆောင် Joo Jihoon, Oh Jungse နဲ့ Sung Dongil တို့နဲ့အတူ Jirisan ဆိုတဲ့ ဇာတ်လမ်းတွဲကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

Sponsored

 

ဇာတ်လမ်းတွဲကိုတော့ ကိုရီးယားဝမ် ဘီလီယံ ၂၀ ကျော်( အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်) ကုန်ကျခံပြီး ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။ ဒါက တောင်ကိုရီးယားရဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ပျမ်းမျှ ကုန်ကျတဲ့စရိတ်ထပ်တောင် အတော်များနေပါသေးတယ်။ အပိုင်း ၁၆ ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၇၀ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၂၁ မှ ပြသသွားမှာ ဖြစ်ပြီး စနေနဲ့ တနင်္ဂနွေမှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

READ
ပထမဆုံးပြတဲ့အပတ်မှာတင် ကြည့်ရှုသူနှုန်းတွေ တဟုန်တိုးတက်နေတဲ့ “Hotel Del Luna”

 

သူမရဲ့ ပရိသတ်တွေကတော့ Legend of the Blue Sea မှာ ပါဝင်ခဲ့ပြီးတဲ့နောက် ၄ နှစ်ကြာမှ ပြန်တွေ့ရမှာ ဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားနေလျက် ရှိပါတယ်။ ဒီဇာတ်လမ်းကို နာမည်ကြီး စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Kim Eunhee က ရေးသားထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာကလည်း နာမည်ကြီးဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့တဲ့ Lee Eung-bok ပဲ ဖြစ်ပါတယ်။

READ
ဆယ်ကျော်သက်မော်ဒယ်လေးတွေ ရှုံးလောက်အောင်လှနေတဲ့ မေကဗျာ

 

 

View this post on Instagram

 

2020 NEPA #JunJiHyun #GiannaJun

A post shared by 전지현 – JUN JI HYUN (@junjihyun.official) on

အားလုံးပဲ ဘယ်လိုမျိုး ပရိသတ်တွေကို ဖမ်းစားမယ့် ဇာတ်လမ်း ဖြစ်မလဲဆိုတာကို စောင့်ကြည့်ကြပါဦးနော်။

Kham

sponsored