June လဖွားတို့ရဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်ဆိုးလေးများ အကြောင်း

Freepik- freepik
Sponsored

June လဖွားလေးတွေရေ Happy Birthday ပါနော်။ ရောဂါဆိုးကြီးကြောင့် အရင်လို မွေးနေ့တွေလည်း မလုပ်ရပေမယ့်လို့ မွေးနေ့ကစလို့ ပျော်ရွှင်မှုတွေ၊ ကံကောင်းမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ယူတို့လေးတွေအတွက် မွေးနေ့လက်ဆောင်အဖြစ် Aunty May ကနေပြီး အထူးစပါယ်ရှယ်သီးသန့်စာလေးတစ်ပုဒ်ရေးပေးလိုက်ပါတယ်။ အဲဒါကတော့ ခေါင်းစဉ်ကအတိုင်းပဲ June လဖွားလေးတွေရဲ့ စိတ်နေစိတ်ထား ကောင်းကျိုးနဲ့ ဆိုးကျိုးတွေအကြောင်းပါပဲ။

အရင်ဆုံးမပြောခင်မှာ June လဖွားလေးတွေရဲ့ ကံကောင်းစေမယ့် ပန်းလေးတွေ၊ ကျောက်လေးတွေနဲ့ အရောင်လေးတွေအကြောင်း အရင်ပြောပြပေးချင်ပါတယ်။

Sponsored

ပန်း- ပန်းတွေထဲ အမွှေးကြိုင်ဆုံးဖြစ်တဲ့ နှင်းဆီပါ။ ဒါကြောင့် June ဖွားလေးတွေဟာ လှပပေမယ့် အတွင်းရဲ့စိတ်ထဲမှာတော့ ဆူးတွေလိုပဲ စိတ်ဓာတ်ခိုင်ခံ့တယ်၊ သန်စွမ်းပါတယ်။

ကျောက်- ထူးဆန်းစွာနဲ့ပဲ June လဖွားလေးတွေမှာ မွေးကျောက် ၂ ခုတောင်ရှိနေပါတယ်။ ပုလဲနဲ့ မြပါ။

အရောင်- အပြာနုရောင်၊ အဖြူနဲ့ ဆင်စွယ်ရောင်တို့ပဲဖြစ်ပါတယ်။

READ
အန္တရာယ်များလွန်းတာကြောင့် ဆိုရှယ်မီဒီယာပေါ် လုံးဝမတင်သင့်တဲ့ ဓာတ်ပုံ(၇)မျိုး
Freepik- bankete, rawpixels Pixabay-DWilliams

June လဖွားလေးတို့ရဲ့ ကောင်းတဲ့စိတ်နေစိတ်ထားများ

(၁) အကောင်းမြင်စိတ်ရှိခြင်း

June မှာမွေးသူလေးတွေရဲ့ အကောင်းဆုံးသော စိတ်နေစိတ်ထားဟာ ဘယ်လို အခြေအနေမျိုးမှာပဲဆိုဆို အကောင်းမြင်စိတ်ရှေ့ထားပြီး ဖြေရှင်းလုပ်ုဆောင်သွားတာတွေပါပဲ။

(၂) ဘဝမှာ ချစ်ခြင်းမေတ္တာတွေပဲလိုအပ်တယ်

ဘယ်သသူနဲ့မှအမုန်းမပွားချင်ဘူး၊ ကိုယ်တိုင်လည်း သံယောဇဉ်ကြီးတဲ့အတွက် အပေါင်းအသင်းတွေ၊ ညီအစ်ကိုမောင်နှမတွေကို မင်ပါတယ်။

Freepik-benzoix

(၃) သံတမန်တွေ

ဘယ်သူတွေနဲ့မဆိုဆို တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြပြီဟေ့ဆိုရင် ညှိုနှိုင်းရေးသမားကတော့ သူတို့လေးတွေပါပဲ။ သံတမန်စွမ်းရည်ကလည်း ဘယ်အချိန်မဆို ငြိမ်းချမ်းရေးယူဖို့ စွမ်းဆောင်နိုင်တာဟာလည်း အံ့သြစရာပါပဲ။

(၅) စာပေလောကမှာ ဥာဏ်ကြီးရှင်တွေ

စာပေပညာနဲ့ နိုဘယ်ဆုရခဲ့တဲ့ နိုဘယ်ဆုရှင်တွေထဲ June born တွေအများကြီးပါပဲ။ စိတ်ကူးစိတ်သန်းကောင်းတယ်၊ စိတ်ရှည်တယ်၊ ဇွဲရှိတဲ့အတွက်ကြောင့် နယ်ပယ်တစ်ခုခုမှာ အောင်မြင်ဖို့ အလားအလာအများကြီးရှိသူလေးတွေပါ။

(၆) စွန့်စားလိုသူတွေဖြစ်တယ်

မသွားဖူးတဲ့နေရာတွေ၊ မစားဖူးတဲ့အစားတွေ၊ မလုပ်ဖူးတဲ့အရာတွေကို စမ်းကြည့်ရမှာ စိတ်အားထက်သန်ပြီး အသစ်အဆန်းတွေကို စူးဆန်းရှာဖွေစိတ်ရှိသူလေးတွေပါ။ အကိုက်ညီဆုံးအလုပ်က သတင်းထောက်တို့၊ ခရီးသွားဘလော့ဂါတို့လို အလုပ်တွေပါတဲ့နော်။

READ
ကံဆိုးမှုတွေကင်းဝေးပြီး အမြဲကံကောင်းနေအောင် ကိုယ်တိုင်ဖန်တီးနိုင်မယ့် နည်းလမ်း (၆)မျိုး
Freepik-wavebreakmedia_micro

June လဖွားလေးတို့ရဲ့ အကျင့်ဆိုးလေးများ

(၁) ပွင့်လင်းလွန်းအားကြီးတယ်

တစ်စုံတစ်ယောက်ကို ကြည့်ရတော့ဘူးဆိုရင် မျက်နှာရော ပါးစပ်တင် ဟန်မဆောင်နိုင်တော့ဘဲ ထုတ်ပြောမိတာမျိုးတွေ ရှိနေတတ်ပါတယ်။ အရိုင်းခံစိတ်လေးမလို့ဆိုပေမယ့်လည်း လူအများနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါ အဖုအထစ်တွေဖန်တီးနိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါမယ်နော်။

(၂) Mood Swing

တော်ကြာတစ်မျိုး၊ အခုတစ်မျိုး။ ဒါဆိုလို့ သူများက ဒါလုပ်ပေးတယ် သူတို့ကအဲတော့မှထပြီး ဟိုဟာဖြစ်တတ်တဲ့ မျောက်စိတ်နဲ့ မမလေးတွေပါ။ နောက် စိတ်ဓာတ်ကျရင်လည်း သူ့အပြင် နှစ်ယောက်မရှိဘဲ တစ်မိန်စလောက်အတွင်းမှာတင်ကို ဝုန်းခနဲ စိတ်တွေတက်ကြွပြီး အားအင်တွေပြည့်လာတဲ့အဖြစ်မျိုးလည်း ခဏခဏကြူံတွေ့ရမှာဖြစ်ပါတယ်။

Jun born လေးတွေ မှန်ကြရဲ့လားဟင်..

Penny

sponsored