လူတိုင်းကတော့ တစ်ခုခု လုပ်စရာ ရှိတဲ့အခါမျိုးမှာ စိတ်လှုပ်ရှားတာမျိုး ဖြစ်တာ သဘာဝပဲ ဖြစ်ပါတယ်။ BTS အဖွဲ့ဝင်တွေကလည်း အမြဲ လူအများရှေ့မှာ ဖျော်ဖြေမှုတွေ လုပ်လေ့ ရှိပေမယ့် သူတို့မှာလည်း စိတ်လှုပ်ရှားမှုတွေ ရှိနေတတ်ပါတယ်။ တချို့ Idol တွေလို Jungkook လည်းပဲ စင်ပေါ်မတက်ခင်မှာ အမြဲလိုလို စိတ်လှုပ်ရှားတာမျိုး ရှိပါတယ်။
View this post on Instagram
Jungkook က ဖျော်ဖြေဖို့ စင်ပေါ်ကို မတက်ခင်မှာ စိတ်လှုပ်ရှားနေတတ်လို့ စိတ်လှုပ်ရှားမှုကို လျော့ကျအောင်လို့ အမြဲလုပ်တတ်တဲ့ အကျင့် တစ်ခု ရှိနေပါတယ်။ စိတ်လှုပ်ရှားမှုကို ပြေလျော့ဖို့ လုပ်တတ်တဲ့ တခြားသူတွေနဲ့ မတူစွာပဲ Jungkook မှာတော့ ထူးထူးခြားခြား ဖြေရှင်းနည်း ရှိနေတယ်လို့ koreaboo ကနေ ဖော်ပြထားခဲ့ပါတယ်။
View this post on Instagram
Yaman TV ကို ဖိတ်ခေါ်ခံရတုန်းက Jungkook က သူ့ရဲ့ စင်ပေါ်မတက်ခင် စိတ်လှုပ်ရှားတာ လျော့စေဖို့ ဖြေရှင်းတတ်တဲ့ နည်းလမ်းလေးကို ထုတ်ပြောလာခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ အဖွဲ့ဝင်တွေရဲ့ တင်ပါးတွေကို လိုက်ထိတာပဲ ဖြစ်ပါတယ်။ အဲ့လို လုပ်တာက သူ့အတွက် စိတ်လှုပ်ရှားနေတာကို လျော့ကျသွားစေတယ်လို့ ဆိုပါတယ်။
View this post on Instagram
Jungkook ရဲ့ ပြောစကားကြောင့် အစီအစဉ်မှာ ပါဝင်နေတဲ့ Haha ကလည်း သူလည်း သူ့ကိုယ်သူ တင်ပါးတွေကို စွဲလမ်းနေသူလို့ ခေါ်တယ်လို့ ပြောပြခဲ့ပါသေးတယ်။ ဒါ့အပြင် Jungkook ကို သရုပ်ပြပေးဖို့တောင် အစီအစဉ်မှာ ပြောလိုက်ပါသေးတယ်။
Jungkook ရဲ့ ဒီအကျင့်ကိုတော့ Haha က အားလုံးအတွက် ရယ်မောစရာ ဖြစ်သွားအောင် သရုပ်ပြခိုင်းပြီး စနောက်ခဲ့ပါသေးတယ်။ တကယ့်ကို ထူးဆန်းတဲ့အကျင့်ဆိုတော့ ပရိသတ်တွေကတော့ အံ့သြရမှာပါ။ ဒါပေမယ့်လည်း လူတိုင်းမှာ ထူးဆန်းတဲ့ အကျင့်လေးတွေ ကိုယ်စီ ရှိကြမယ် ထင်ပါတယ်နော်။
Kham