တူ၊ တူမလေးတွေကို အရမ်းချစ်တဲ့ ဦးဦး Kai

Sponsored

EXO ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Kai ကတော့ ပရိသတ်တွေအတွက် Idol တစ်ယောက် တင်မဟုတ်ပဲ၊ တူ၊ တူမလေးတွေအတွက်လည်း ချစ်စရာကောင်းတဲ့ အန်ကယ်တစ်ယောက်ပါ။ အလုပ်တွေ အရမ်းများတဲ့ အချိန်မှာ သူ့ရဲ့တူ၊ တူမ လေးတွေ အတွက် အချိန်ပေးနေတာကို တွေ့ရပါတယ်။ မကြာ သေးမီကမှ EXO ပွဲရဲ့ စင်နောက်ဘက်မှာ တူ၊ တူမလေးတွေနဲ့ အတူ ရိုက်ထားတဲ့ ပုံတွေ၊ ဗီဒီယိုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Sponsored

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း  “EXO PLANET #4 — The EℓyXiOn [dot]” ကျင်းပခဲ့ ပါတယ်။ တူ၊ တူမလေးတွေနဲ့ ရိုက်ထားတဲ့ ပုံနဲ့ အတူ Kai က “ကျတော် ပျော်နေပါတယ်” ဆိုပြီး Caption ရေးထားတာကိုလဲ တွေ့ရပါတယ်။ Kai က ကလေးတွေနဲ့ အတူရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကိုလဲ ရှယ်ထားပါတယ်။ EXO ရဲ့ Power သီချင်းသံနဲ့အတူ မြူးတူးခုန်ပေါက်နေတဲ့ ကလေးတွေရဲ့ ပုံရိပ်တွေကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။

READ
ပရိသတ်တွေကြားမှာ ပျံနှံ့နေတဲ့ မင်းမော်ကွန်းရဲ့ ဓါတ်ပုံတွေ

Kai  က သူ့ရဲ့ တူမလေးနဲ့တူလေးကို အရမ်းချစ်တဲ့ ဦးလေးတစ်ယောက် ဆိုပြီး နာမည်ကြီး ပါတယ်။ ကလေးတွေရဲ့ အကြောင်းကိုလဲ အင်တာဗျူးတွေ၊ ရေဒီယို Show တွေ မှာ မကြာခဏ ဆိုသလို ဖြေလေ့ရှိပါတယ်။

A post shared by @zkdlin on Jul 17, 2018 at 5:04am PDT

Source soompi

sponsored