အသက်ထက်ဝက်ကျော်ငယ်တဲ့ ချစ်သူကောင်လေးနဲ့ လမ်းခွဲခဲ့တဲ့ Kate Beckinsale

[email protected] goodygrace [email protected] katebeckinsale
Sponsored

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သူ Kate Beckinsale ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ Kate ဟာ မကြာခဏဆိုသလို သူ့ထက် အသက်တော်တော်လေးငယ်တဲ့ ကောင်လေးတွေနဲ့ တွဲလွန်းလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို တော်တော်လေး ခံနေရသူလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း သူ့ထက် အသက်ထက်ဝက်ကျော်ငယ်တဲ့ အသက် ၂၃ နှစ်အရွယ် ကနေဒါအဆိုတော်ကောင်လေး Goody Grace နဲ့ တရားဝင်တွဲခဲ့လို့ ဝေဖန်ခံခဲ့ရပြီး ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက Kate ဟာ Goody Grace နဲ့ ပြတ်ဆဲခဲ့ပြီလို့ တရားဝင်ပြောကြားခဲ့ကြောင်း Thesun.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

happy birthday @katebeckinsale i love you 🖤∞

A post shared by Goody Grace (@goodygrace) on

Sponsored

Kate ဟာ Goody နဲ့ ၂၀၂၀ ခုနှစ် မတိုင်ခင်ကတည်းက တွေ့ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလထဲမှာတော့ Goody နဲ့ တရားဝင်တွဲခဲ့ကာ နှစ်ယောက်တွဲဓာတ်ပုံတွေတောင် ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ COVID 19 ကပ်ရောဂါကြီးကြောင့် ၂ ယောက်သား မတွေ့ရတော့မှာစိုးလို့ Kate ဟာ Goody ကို သူမရဲ့ Los Angeles မြို့ရှိ နေအိမ်ကြီးကို ခေါ်ထားခဲ့ပါတယ်။ နှစ်ယောက်သားဟာ ၆ လနီးပါးလောက် အိမ်ထဲမှာ အတူတူနေခဲ့ကြပြီး မကြာသေးခင်အချိန်ကပဲ Goody ဟာ Kate ရဲ့ နေအိမ်ကနေ ဆင်းပြီး ကနေဒါနိုင်ငံကို ပြန်သွားခဲ့သလို Kate ကလည်း သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာရှိတဲ့ စုံတွဲပုံတွေကို ပြန်ဖျက်လိုက်ပြီး သူမနဲ့ Goody တို့ရဲ့ဇာတ်လမ်းဟာ အဆုံးသတ်သွားပြီဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။

READ
ကံကောင်းခြင်းတွေနဲ့ မွေးဖွားလာတဲ့ ရာသီခွင် (၄) ခု

 

 

View this post on Instagram

 

Double G in MB 🖤∞

A post shared by Goody Grace (@goodygrace) on

“ချစ်သူရည်းစားရယ်လို့ ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုဆိုတာ အင်မတန်ကို လိုအပ်ပါတယ်။ နားလည်မှုမရှိတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ရပြီးရင်တော့ နှစ်ယောက်လုံး စိတ်ဆင်းရဲကိုယ်ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။ ကျွန်မနဲ့ Goody တို့ အတူတူနေတဲ့ ၆ လအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာတွေ အများကြီးရှိခဲ့လို့ အဆုံးသတ်မှာ လမ်းခွဲခဲ့တာပါ”လို့ Kate က ပြောကြားခဲ့ပါတယ်။

READ
ယောင်္ကျားလေး အများစု ဖုံးကွယ်ထားတတ်တဲ့ သူတို့ စိတ်ထဲက အကြောက်တရား (၇) မျိုး

 

phk

sponsored