ကလေးလေးတွေပြုမူတတ်တဲ့ အမူအရာလေးတွေရဲ့နောက်ကွယ်က အဓိပ္ပါယ်များ

Sponsored

က လေး လေးတွေက စကားမ ပြောတတ်ပေမယ့် သူတို့ဘာပြောချင်နေလဲဆိုတာကို အမူအရာလေးတွေကြည့်ပြီးသိနိုင်ပါတယ်။ မေ မေတို့ အ နေနဲ့ မဖြစ်မ နေသိထားသင့်တဲ့ က လေး လေးတွေရဲ့ Body language လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) ခြေ ထောက်တွေအရမ်းလှုပ်ရမ်းနေတာက

shutterstock

ခြေ ထောက်တွေအရမ်းလှုပ်နေရင် ဖြစ်နိုင်တာ သုံးချက်ရှိပါတယ်။ သူတို့တွေအရမ်းပျော်နေတာဖြစ်နိုင်သလို၊ ပူအိုက်နေလို့လည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Diaper က ညစ်ပတ်နေလို့လည်း ဖြစ်နိုင်ပါတယ်။

(၂) နောက်ကျောလေးကို ကွေးထားတာက

Sponsored

လေထိုးလေ အောင့်နေလို့ဖြစ်နိုင်သလို၊ ၀မ်းဗိုက်ထဲက ပူနေလို့ပါ။

(၃) နားရွက်လေးကိုဆွဲဆွဲနေတာက

ငိုပြီး နားရွက်ကိုဆွဲဆွဲနေတယ်ဆိုရင်တော့ နားထဲကို အ ကောင်ဝင်နေတာမျိုးဖြစ်နိုင်လို့ ဆရာဝန်နဲ့အမြန်ဆုံးပြသင့်ပြီး ဒီတိုင်းလေးပဲ နားရွက်ကိုဆွဲဆွဲနေတယ်ဆိုရင်တော့ သူတစ်ခုခုကိုစပ်စုချင်နေတာဖြစ်နိုင်ပါတယ်။

(၄) မျက်နှာလွဲလွဲနေတာက

က လေး လေးက သူ့ဘာသာအေးအေးဆေးဆေးလေးနေချင်နေတယ် ၊ မ နှောက်ယှက်ပါနဲ့ဆိုတဲ့ သ ဘောပါ။

(၅) ဒူးလေးတွေ ကွေးပြီးဝမ်းဗိုက်မှာကပ်ထားတာက

အစာမ ကြေတာမျိုး ၀မ်းဗိုက်ပြဿနာတစ်ခုခုဖြစ်နေတဲ့ အ ခြေအ နေမျိုးပါ။

(၆) လက်လေးဖြန့်ထားတာ

သူ ပျော်ရွှင်နေတယ် ၊ သင်နဲ့ ဆော့ကစားချင်နေတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

READ
ရေနွေးကြမ်းနေ့စဉ်သောက်ခြင်းဖြင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ

(၇) လက်လေးတွေကိုစုပ်နေတာ

pinterest

လက်လေးတွေကိုစုပ်နေတာက ဗိုက်ဆာလို့မဟုတ်တာမို့ တစ်ခုခုသွားမ ကျွေးပါနဲ့။ က လေးက စိတ်အေးချမ်းနေတဲ့အ ခြေအ နေမျိုးမှာရှိနေပြီး အိပ်ချင်နေလို့ အရှိန်ယူနေတာဖြစ်နိုင်ပါတယ်။

MAY THAZINHTOO

sponsored