၉ နာရီကျော်မှ အိပ်တဲ့ကလေးများဟာ အဝလွန်စေနိုင်ကြောင်း တွေ့ရှိ

Freepik-vkstudio
Sponsored

လေ့လာမှုတစ်ခုအရ အိပ်ယာနောက်ကျမှဝင်တဲ့ ကလေးတွေဟာ အဝလွန်မှုကိုဖြစ်စေဖို့အတွက် အားပေးနေတယ်ဆိုပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

လေ့လာချက်ကိုတော့ ဆွီဒင်နိုင်ငံရဲ့ Early Stockholm Obesity Prevention Project မှာ ပါဝင်နေတဲ့ သုတေသီတွေနဲ့ ပညာရှင်ဆရာဝန်များက စစ်တမ်းကောက်လေ့လာထားခဲ့ကြတာပါ။ ဒီစစ်တမ်းအတွက် ဆီဒင်မှ အသက် ၁ နှစ်မှ ၆ နှစ်အရွယ်အတွင်းရှိ ကလေးပေါင်း ၁၀၇ ယောက်ကို စံပြုကာ စောင့်ကြည့်ခဲ့ကြပါတယ်။

Freepik-freepik
Sponsored

ဒီစစ်တမ်းအရ ကလေးစုစုပေါင်းရဲ့ ၆၄% လောက်ဟာ အဝလွန်နေခဲ့ပါတယ်။ အဲဒီကလေးတွေအားလုံးကလည်း ညဖက်အိပ်ယာဝင်ရင် ၉ နာရီနောက်ပိုင်းမှ ဝင်တဲ့ကလေးတွေပါပဲတဲ့လေ။

Freepik-freepik

ပရောဂျက်ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Julia Xiu ကတော့ အိပ်ယာဝင်နောက်ကျတဲ့ကလေးတွေအနေနဲ့ အစာစားနိုင်ချေလည်း ပိုများနိုင်တာကြောင့် အဝလွန်နိုင်ချေပိုဖြစ်လာနိုင်တာပါလို့ ပြောလာခဲ့ပါတယ်။ ဒီအပြင် မှတ်ဥာဏ်အားနည်းခြင်း၊ ကြီးထွားမှုနှုန်းနဲ့ သွက်လက်မှုတွေကိုလည်း အိပ်ချိန်စောတဲ့ကလေးတွထက် အများကြီး နှောင့်နှေးစေနိုင်ပါတယ်လို့လည်း သိခဲ့ရပါတယ်။

READ
စိတ်ကို ပျော်ရွှင်မှု ပေးစွမ်းနိုင်မယ့် အစားအသောက် (၅)မျိုးအကြောင်း

ဒါကြောင့် ၆ နှစ်အောက် ကလေးတွေအတွက် အကောင်းဆုံးအိပ်ယာဝင်ချိန်ကတော့ ည ၈ နာရီပါတဲ့။

Freepik-freepik

Penny

sponsored