နှုတ်ကြမ်း၊လျှာကြမ်းပတ်ဝန်းကျင်မှာ ကြီးပျင်းလာတဲ့ ကလေးတွေ အရွယ်ရောက်လာတဲ့အခါ..

Freepik- escapejaja
Sponsored

လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆိုတာ မိသားစုတစ်ခုနဲ့တစ်ခု ဘယ်လိုမှ တူနိုင်ကြမှာမဟုတ်ပါဘူး။ တချို့တွေကျတော့ မွေးကတည်းကိုက ဆဲဆိုဆောင့်အောင့်သံတွေ ကင်းမဲ့ပြီးတော့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ပဲ ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းရှိသလို တချို့ကျတော့လည်း မိဘနဲ့သားသမီးလည်း နစ်နာအောင် ပြောဆိုပြီး စကားပြောတာလား ရန်ဖြစ်တာလား မသည်းကွဲတဲ့ နေရာမျိုးမှာ ကြီးပြင်းလာရတာမျိုးတွေလည်းရှိနေပါတယ်။ ဒီတော့ ဒီလိုမျိုး နှုတ်ကြမ်း၊ လျှာကြမ်းနဲ့ နွေးထွေးတဲ့မေတ္တာတရားမရှိတဲ့ ပတ်ဝန်းကျင်ကနေ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ဟာ အရွယ်ရောက်ပြီးတဲ့အချိန်မှာ ဘယ်လိုမျိုးတွေ ကြုံတွေ့လာနိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်။

Freepik- seventyfour

သူကိုယ်တိုင် ပတ်ဝန်းကျင်ကလိုမျိုးဖြစ်လာတယ်

Sponsored

မွေးကတည်းက အရွယ်ရောက်ထိအချိန်ထိ နှုတ်ကြမ်း၊ လျှာကြမ်းရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတစ်ယောက်ဟာ အဲဒီအကျင့်အတိုင်း တစ်ပုံစံတည်းထပ်တူဖြစ်လာဖို့ဆိုတာ ရာနှုန်းပြည့်နီးပါးကို ဖြစ်နိုင်ချေရှိနေပါတယ်။ သူကိုယ်တိုင် ဒီစရိုက်တွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေပေါ့။ ဒါကြောင့် လူကြီးတွေအနေနဲ့ မိမိကြောင့် ကလေးတစ်ယောက်ရဲ့ဘဝကို မကောင်းတဲ့အကျင့်ကြီးကို လက်ဆောင်ပေးလိုက်တော့မလို့လားဆိုတာ ပြန်ဆင်ခြင်သင့်နေပါပြီ။

လူတောမတိုးတော့ဘူး

READ
တွဲနေတယ်ဆိုတဲ့ သတင်းတွေအပေါ် Jung Haein နဲ့ Son Yejin တုံ့ပြန်

အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် နှုတ်ကြမ်းအာကြမ်းဖြစ်နေခြင်းဟာ ဘယ်ဖက်ကပဲကြည့်ကြည့် မကောင်းတဲ့အချက်တွေချည်းပါပဲ။ ကြုံရတာအများဆုံးကတော့ နှုတ်ကြမ်း၊ လျှာကြမ်းရိတဲ့လူတွေဟာ သူတို့ကို ဘယ်သူမှ တော်ရုံလူရာမသွင်းသလို သူတို့ကိုယ်တိုင်ကလည်း လူတွေကြားထဲသွားရမှာကို တွန့်ဆုတ်နေတတ်ပါတယ်။

Freepik- romankosolapov

ခွဲခြားဆက်ဆံခံလာရမယ်

အလုပ်လုပ်ရင်တောင်မှပဲ “ဟင်.. သူလား၊ သူနဲ့ဆိုရင်တော့ တွဲလုပ်ချင်ဘူး” ဆိုပြီး လူတွေရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံလာရပါမယ်။ ဒီလိုဖြစ်ခြင်းဟာ ကိုယ့်ရဲ့ စိတ်ပိုင်ဆိုင်ရာကိုပါ ထိခိုက်စေရုံသာမကဘဲ ဂုဏ်သိက္ခာနဲ့ ဘဝရဲ့တက်လမ်းတွေကိုပါ ထိခိုက်လာစေနိုင်တာကြောင့် ဒီအကျင့်ဆိုးကြီးကို တတ်နိုင်ရင် ပြင်ဆင်သင့်ပါတယ်။

စိတ်တိုလွယ်မယ်

လူတွေဟာ သူ့နောက်ကွယ်မှာ ဒီအကျင့်ဆိုးအကြောင်း အတင်းသဘောမျိုး ပြောလာကြမယ်၊ သူ့ကိုလည်းရှောင်ဖယ်ရှေင်ဖယ်နေလာကြတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို ဘဝင်မကျဖြစ်လာကာ လူတိုင်းအပေါ် စိတ်တိုဒေါသထွက်လာနိုင်ပါတယ်။ အမြဲတမ်းလိုလို အကြောင်းမရှိလည်း ရှိသမျှလူတွေကို စိတ်ပတ်တိုမယ်၊ ယမ်းမယ် စတဲ့ စိတ်မွန်းကြပ်လာရင် ဖြစ်တတ်တဲ့ အရာတွေအကုန်လုံးကို ခံစားလာရမှာပါ။

READ
ချစ်သူသက်တမ်း ငါးနှစ်ပြည့်သွားတဲ့ Mark Prin နဲ့ Kimmy Kimberley
Freepik- escapejaja

သိမ်ငယ်စိတ်ဝင်မယ်

လူ့လောကမှာ နှုတ်ကြမ်း၊ လျှာကြမ်းရှိတဲ့လူနဲ့ မသိမ်မွေ့ရင်တောင် သာမန်ပုံစံမျိုးရှိတဲ့ သူမျိုးတွေ ယှဉ်လိုက်မယ်ဆိုရင်သူုဟာ အမြဲတမ်း အပယ်ခံဖြစ်နေတတ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက သူ့ရဲ့ စကားကြမ်းကြမ်းတွေကို ရငမဆိုင်ချင်ကြတော့လို့ ရှောင်နေတာပါ။ ဒါကိုလည်း သူ့ဖက်က သိနေတဲ့အတွက်ကြောင့် တဖြေးဖြေးနဲ့ သိမ်ငယ်စိတ်ဝင်လာနိုင်ပါတယ်။

penny

sponsored