ဇာတ်ညွှန်းမှာ မပါပဲ သူ့စိတ်ကူးနဲ့ ထည့်လိုက်တဲ့ ဇာတ်ဝင်ခန်းတွေကို Kim Junghyu ထုတ်ပြော

Image Source: tvN
Sponsored

‘Crash Landing on You,’ ဇာတ်ကားထဲမှာ ဇာတ်ပို့ နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Kim Junghyun ကတော့ ဒီကားနဲ့ ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာ ထုတ်ပြော ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ မူလ ဇာတ်ညွှန်းထဲမှာ မပါဝင်ပဲ သူ့ စိတ်ကူးနဲ့ သူ ဖန်တီး ပြီး ထည့်ခဲ့တဲ့ ဇာတ်ဝင်ခန်း (၃)ခန်းရှိတယ်လို့ Kim Junghyun က ပြောခဲ့ပါတယ်။

ပထမ ဇာတ်ဝင်ခန်း

Image Source: tvN

ဒီဇာတ်ကားထဲမှာတော့ Goo Seungjoon ဆိုတဲ့ ဇာတ်ကောင်နေရာက နေ သရုပ်ဆောင်ခဲ့တာပါ။ သူ့ စိတ်ကူးနဲ့ ထည့်ခဲ့တဲ့ ဇာတ်ဝင်ခန်း သုံးခန်း ထဲက မှ ပထမဆုံး ဇာတ်ဝင်ခန်း ကတော့ ပြည်ဝင်ခွင့် ဖြတ်သန်းလက်မှတ်ကို ဆွဲဖြဲ တဲ့ အခန်းပါ။ မူလဇာတ်ညွှန်း ထဲမှာက  လက်နဲ့ ဆုတ်ဖြဲ တယ်လို့ပြောထားပေမယ့် သူ က လက်နဲ့ မဖြဲ ပဲ ပါးစပ်နဲ့ ကိုက်ပြီး ဖြဲ ခဲ့ပါတယ်။ ဒါရိုက်တာကလည်း ဒါကို လက်ခံပြီး သေချာ ရိုက်ကူးပေးခဲ့တဲ့ အတွက် အရမ်း ကျေ နပ်တယ်လို့ ပြောခဲ့ပါတယ်။

READ
ရေဘေးသင့်ပြည်သူတွေ ဘေးကင်းဖို့ ပဋ္ဌာန်းရွတ်ဖတ် ဆုတောင်းခဲ့တဲ့ လွှမ်းပိုင်တို့စုံတွဲ

ဒုတိယဇာတ်ဝင်ခန်း

Image Source: tvN
Sponsored

ဒုတိယ Scene ကတော့ နမ်းတဲ့ ဇာတ်ဝင်ခန်းပါ။ Seo Dan နဲ့  Goo Seungjoon. တို့ နမ်းတဲ့ အခန်းပါ။ မူလဇာတ်ဝင်ခန်းမှာဆိုရင်တော့  ‘Seo Dan က  Goo Seungjoon ကို နမ်းတယ်ဆိုပြီး  ပြောထားပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက် အစမ်း လေ့ကျင့်ချိန် မှာတော့  Seo Dan နေရာကနေ သရုပ်ဆောင်မယ့် Seo Jihye က “မိန်းကလေး တစ်ယောက်က ခပ်ဖွဖွလေး နမ်းလိုက်ရင် ယောက်ျားလေးက ဒီအနမ်းကို ဦးမဆောင် သင့်ဘူးလား ..” ဆိုပြီး ပြောခဲ့ပါတယ်။

Image Source: tvN

Junghyun ကလည်း ဒါကို သဘော တူခဲ့ပါတယ်။ Seo Dan က ဒရမ်မာ ကားထဲမှာဆိုရင် ယောက်ျား တစ်ယောက်ကို နမ်းတဲ့ အ တွေ့ အကြုံ နည်းနည်း ရှိထားပြီး သား မိန်းကလေးပါ။ ဒါရိုက်တာက Junghyun ကို မိန်းကလေးကို ဆွဲဆောင်တဲ့ ပုံစံမျိုး  မျက်နှာ အမူအရာ ဖြစ်အောင် နေ ခိုင်းခဲ့ပါတယ်။

READ
ဒရမ်မာကားသစ် အတူရိုက်ကူးကြမယ့် James Ma နဲ့ Kimmy

တတိယဇာတ်ဝင်ခန်း

Image Source: tvN

ဇာတ်သိမ်းပိုင်း ဇာတ်ဝင်ခန်းပါ။ Seo Dan ကို သွားကယ်တဲ့ အခန်းပါ။ အဲ့ဒီအခန်းမှာ ” တောင်ကိုရီးယား နေခဲ့တုန်းက အပျော်တမ်း သေနတ်ပစ်ဖူးတယ်..” ဆိုတဲ့ စာ ကြောင်းက ဇာတ်ညွှန်းထဲမှာ မပါဘူး။ သူ့စိတ်ကူးနဲ့ သူ ထည့်ပြောခဲ့တာပါ။ ဒုက္ခ ရောက်နေတဲ့ Seo Dan စိတ်သက်သာရ  အောင် ဒီစကားလေးတော့ ထည့်ပြောလိုက်မယ်ဆိုပြီး ပြောခဲ့တာပါ။

Source:kstarlive

sponsored