Kim ဆိုတာ Kardashian မိသားစုထဲက ဒုတိယမြောက်သမီးကြီးတစ်ဦးပါ။ သူမရဲ့ ရူးမက်ဖွယ်ကောက်ကြောင်းတွေကြောင့် ကျော်ကြားသူတစ်ဦးပါ။ သူမဟာ မိသားစုအတွက် အနစ်နာခံစွန့်လွှတ်တတ်သူအဖြစ်လည်း လူတွေက လက်ခံထားခဲ့ကြပြီး ခင်ပွန်းသည် Kaney West အပေါ်မှာလည်း ဇနီးတစ်ဦးအဖြစ် တာဝန်ကျေကာ သားသမီးတွေဖြစ်ကြတဲ့ North, Saint, Shicago နဲ့ Psalm တို့အပေါ်မှာလည်း မိခင်တစ်ဦးအဖြစ် အကောင်းဆုံး နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။
မိသားစုအပေါ်မှာ တာဝန်ကျေပွန်သူတစ်ဦးဖြစ်တဲ့အပြင်ကိုမှ ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေသူတစ်ဦးပါ။ အထူးသဖြင့် KKW ဆိုတဲ့ cosmetics လုပ်ငန်းကတော့ အအောင်မြင်ဆုံးလို့ ဆိုရမှာပါပဲ။ Make up, နှုတ်ခမ်းနီအပြင် skin care တွေ၊ hair care product တွေ၊ ရေမွှေးတွေကိုလည်း ထုတ်တဲ့ KKW ဟာ ညီမဖြစ်သူ Kylie Jenner ရဲ့ Kylie cosmetics နဲ့အပြိုင် ဈေးကွက်ကို ထိုးဖောက်လာနိုင်ခဲ့တာပါ။
ဇွန်လ ၃၀ ရက်နေ့တုန်းကတော့ Kim ရဲ့ KKW cosmetics ဟာ လုပ်ငန်းတန်ကြေးအနေနဲ့ ဒေါ်လာ ၁ ဘီလီယံတောင် ရှိသွားခဲ့ပါတယ်တဲ့။ ဒါဟာ Kim အနေနဲ့ တရားဝင် ဘီလီယံနာစာရင်း ဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်သွားတဲ့အပေါ် Kim ရဲ့ ခင်ပွန်း Kanye West ဟာ ချစ်ဇနီးလေးကို လူမှုကွန်ယက်တွေပေါ်မှာ ချီးကျူးမှုပြုလာခဲ့ပါတယ်။
“ချစ်ဇနီးချောလေး Kim Kardashian West ရေ.. ဘီလီယံနာအဖြစ် တရားဝင်အသိအမှတ်ပြုခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်” တဲ့လေ။ ပြောရရင် Kim ဘီလီယံနာဖြစ်တာ Kanye ကတောင် ပိုပျော်နေတဲ့သဘောပဲ။ People မဂ္ဂဇင်းမှ ကိုးကားဖော်ပြလိုက်ပါတယ်။
I am so proud of my beautiful wife Kim Kardashian West for officially becoming a billionaire
You’ve weathered the craziest storms and now God is shining on you and our family
So blessed this is still life
So I made you this still lifeWe love you so much pic.twitter.com/Vvtgzodnah
— ye (@kanyewest) June 30, 2020
Penny