တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာမှာ volunteer လုပ်အားပေးနေတဲ့ Kim Sae Ron

ig/@kdsrescue,@ron_sae
Sponsored

မင်းသမီးချောလေး Kim Sae Ron ကတော့ အပြင်ပန်း ချောမောလှပရုံမက အတွင်းစိတ်ထားလေး လှပမှုကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

 

Sponsored

October 25 ရက်နေ့က တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတစ်ခုမှာ Kim Sae Ron လာရောက်ပြီး volunteer  လာလုပ်ပေးခဲ့တဲ့အကြောင်းကို အဲဒီ့ တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာရဲ့ instagram ပေါ်မှာ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာပါ။

 

Instagram ပေါ်တင်ထားတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ခုလိုစာကိုလည်း ရေးသားထားပါသေးတယ် “ ကျွန်တော်တို့ကို ခုလိုမျိုး လာရောက်ကူညီပေးတဲ့ Kim Sae Ron ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ကျေးဇူးအများကြီး တင်ပါတယ်” ဆိုပြီး ရေးသားထားခဲ့တာပါ။

READ
ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ ဆိုးနေတဲ့ကောင်မလေးတွေမှာ ဒီလိုအချက် (၅) ချက်ရှိပါတယ်...

 

အဲဒီ့နောက်မှာ Kim Sae Ron က သူမရဲ့ instagram အကောင့်မှာလည်း ခွေးပုံလေးတွေကို တင်ထားခဲ့ပါတယ်။ ပုံတွေနဲ့အတူ “ အမျိုးအစား 220 ခန့်လောက်နဲ့ ချစ်စရာကောင်းတဲ့ ခွေးလေးတွေ အဲဒီ့ဂေဟာမှာ ရှိပါတယ် ဒါကို လူတွေပိုသိအောင် တတ်နိုင်သလောက် ပြောပေးကြပါ” ဆိုပြီး ခွေးလေးတွေအတွက် စာရေးသားထားတာပါ။

READ
သင့်ရဲ့ ခန္ဓာကိုယ်ကို သိသိသာသာ ပြောင်းလဲလာစေမယ့် လေ့ကျင့်ခန်း(၄)မျိုး

 

 

View this post on Instagram

 

🌈🖤

A post shared by 김새론 (@ron_sae) on

မင်းသမီး Kim Sae Ron က ဒီလိုမျိုး တိရိစ္ဆာန်တွေကို ကူညီစောင့်ရှောက်ပေးတာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ ဟိုးအရင်ကလည်း သူမ လုပ်ကိုင်ပေးဖူးပါတယ်နော်။ ပရိတ်သတ်တွေက သူမရဲ့ ကြင်နာပြီး ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ချီးကျူးစကားတွေ ပြောထားကြပါတယ်။

Khin

sponsored