မင်းသားချော Kim Seon Ho ကတော့ ပရိတ်သတ်တွေလုပ်ပေးထားတဲ့ မြေအောက်ရထားလမ်းပေါ်က ကြော်ညာဓာတ်ပုံလေးတွေကို သူကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တာပဲ ဖြစ်ပါတယ်နော်။ ဒီသတင်းကို sbs က ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
View this post on Instagram
January 16 ရက်နေ့က Kim Seon Ho ဟာ သူ့ရဲ့ instagram အကောင့်ပေါ်မှာ ဓာတ်ပုံသစ် သုံးပုံကိုတင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးတွေမှာတော့ Kim Seon Ho ဟာ မြေအောက်ရထားလမ်းဘူတာမှာ ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။
View this post on Instagram
အဲဒီ့မြေအောက်ရထားလမ်းမှာ သူ့အတွက် မကြာသေးခင်က ပရိတ်သတ်တွေပြင်ဆင်ပေးထားခဲ့တဲ့ သူ့ရဲ့ ကြော်ညာဓာတ်ပုံလေးတွေကို သူကိုယ်တိုင် သွားရောက်ကြည့်ရှုနေတဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးတွေဟာ Kim Seon Ho အပေါ် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေနဲ့ အချစ်တွေကို ဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။
View this post on Instagram
Kim Seon Ho ကလည်း ပရိတ်သတ်တွေ သူ့အတွက် လုပ်ပေးထားခဲ့တဲ့ ကြော်ညာဓာတ်ပုံတွေရှိတဲ့နေရာကို သူကိုယ်တိုင် သွားရောက်ကြည့်ရှူခဲ့ပြီး ပျော်ရွှင်နေတဲ့ ပုံလေးတွေကို မျှဝေလာတာပါ ။ “အရမ်းပျော်တာပဲ ၊ ကျေးဇူးတင်ပါတယ် ” လို့ရေးသားခဲ့ပါသေးတယ်။ ဒီဓာတ်ပုံတွေကိုကြည့်ဖို့အတွက် Kim Seon Ho က လူရှင်းတဲ့အချိန်ကိုစောင့်ပြီး မနက်စောစော ဒါမှမဟုတ် ညည့်တော်တော်နက်မှ သွားရောက်ထားဟန် တူပါတယ်။
View this post on Instagram
သူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ လူတွေသိပ်မရှိပါဘူး။ သူက ကြောညာဓာတ်ပုံလေးတွေနဲ့အတူ selfie ဓာတ်ပုံလေးတွေရိုက်ကူးသလို အသည်းပုံလက်ပုံစံလေးနဲ့လည်း ရိုက်ကူးထားခဲ့ပါသေးတယ်။ ပရိတ်သတ်တွေဆီက ခုလိုမျိုး အံ့သြစရာကောင်းတဲ့ လက်ဆောင်လေးရခဲ့လို့ Kim Seon Ho က အရမ်းပျော်နေပုံပေါက်ပြီး သူ့ရဲ့လုပ်ရပ်လေးကြောင့်လည်း ပရိတ်သတ်တွေ တော်တော်လေး ပျော်နေကြပါတယ်နော်။
Khin