MBC ရဲ့ “How Do You Play?” ဆိုတဲ့ အစီအစဉ်မှာတော့ Kim So Yeon တစ်ယောက် ပါဝင် ပေးခဲ့ပါတယ်။အဲ့ဒီမှာတော့ Kim So Yeon က သူမရဲ့ ခင်ပွန်း Lee Sang Woo ရဲ့ အကြောင်းတွေကိုပါ ပြောပြခဲ့ပါတယ်။ဇန်န၀ါရီ ၉ ရက်နေ့က လွှင့်ခဲ့တဲ့ အပိုင်းမှာတော့ Yoo Jae Suk, Defconn, Kim Jong Min တို့ နဲ့ အတူတူ အထူးဧည့်သည် အဖြစ် ပါဝင် ပေးခဲ့ပါတယ်။ The Penthouse,” နဲ့ ဆု ရသွားတဲ့ Kim So Yeon ရဲ့ အမိုက်စား သရုပ်ဆောင် ချက်တွေ ကို သုံးယောက်လုံးက ၀ိုင်းပြီး ချီးကျူး ခဲ့ကြပါတယ်။ဒီအကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။
View this post on Instagram
ဇာတ်ကားနဲ့ ပတ်သက်တဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေ အကြောင်းကို ပြောရင်းနဲ့ သူမရဲ့ ခင်ပွန်း Lee Sang Woo ဘက်ကို ရောက်သွားခဲ့ပါတယ်။ဇာတ်ကားထဲက သရုပ်ဆောင်ချက်တွေ ကြောင့် ခင်ပွန်း ဖြစ်သူရော ရှော့ခ် ရ သွား လား မေး လာေ တာ့ Kim So Yeon က ခင်ပွန်းက ဆက်မကြည့်ပဲ ရပ်လိုက်ရတဲ့ တခြား အကြောင်း အရင်းရှိတယ်လို့ ပြောလာခဲ့ပါတယ်။” Penthouse ထဲမှာ ကျွန်မရဲ့ နမ်း တဲ့ ဇာတ်ဝင်ခန်း တွေ နည်းနည်း ပါတယ်လေ။ဒါကြောင့် သူက ဇာတ်ကားကို ဆက်မကြည့်ပဲ ရပ်လိုက်တယ်။ဒီ့ တော့ ကျွန်မက သူ့ကို ကောင်းတဲ့ Scene လေးတွေ ရွေးပေးပြီး သူ့ကို ပြတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ရှက်နေတဲ့ မျက်နှာလေးနဲ့..”အခု တော့ ကျွန်မ သူ့ကို ဒီ Scene တွေ ကြည့်တာ ရပ်ခိုင်းလိုက်တယ်။နမ်းတဲ့ အခန်း တွေ လာတဲ့ အခါ မျိုးကျရင် ကျွန်မ က သူ့ကို အထဲခဏ ၀င် နေ လိုက် ဆိုပြီး ပြော တယ်..”
View this post on Instagram
Kim Jong Min က လက်မထပ်ခင်တုန်းက Kim So Yeon နဲ့ Lee Sang Woo တို့က for 15-hour dates အတွက် မနက်အစောကြီး ထ ကြတာနဲ့ ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။”ဟုတ်တယ် ဘာလို့လဲဆိုတော့ Sang Woo က မနက် ၇ နာရီ Meeting အတွက် အရမ်း တောင်း ဆို လွန်းလို့ ကျွန်မ လည်း သူနဲ့ အတူ လိုက်တာ။နောက်ဆုံးတော့ ကျွန်မ လဲ မျက်ကွင်း တွေ တောင် ညို တယ်။နောက်တော့ ဆက် မလုပ် ဖို့ ဆုံးဖြတ် လိုက်တယ်..”လို့ ပြောခဲ့ပါတယ်။ခင်ပွန်းဖြစ်သူနဲ့ သူမတို့ တွဲ နေတဲ့ သတင်း ထွက်ပေါ် လာတုန်းက အချိန် အ ကြောင်းကိုလည်း ခုလို ပဲ ပြန် ပြောခဲ့ပါတယ်။
View this post on Instagram
MBC ရဲ့ The King of Mask Singer အတွက် ကျွန်မ က ပြင်ဆင် နေခဲ့တာ။ရိုက်ကူးရေး မလုပ်ခင် တစ်ရက် မှာ လေ့ကျင့်ရတာတွေ နဲ့ အရမ်း အလုပ် များနေတာ။အဲ့မှာ သတင်းထောက် တစ်ယောက်က ကျွန်မကို သတင်း ရေးဖို့ ဆက်သွယ်လာတယ်။ကျွန်မ နဲ့ Lee Sang Woo ရဲ့ Dating အ ကြောင်းရေးဖို့။ကျွန်မက သူ့ကိုေ တာင်းပန်တယ်။မနက် ဖန် “The King of Mask Singer” ရိုက်ကူးရေး ရှိတယ်ပေါ့။ဒါ ကြောင့် ကျွန်မ အရမ်း စိတ်လှုပ်ရှားနေလို့ ဒီသတင်းကို နောက်ရက်ကျ မှ ဖော်ပြ ပေးဖို့ တောင်းဆိုတယ်။သူကလည်း ရတယ် နောက်ရက် မှ ထုတ် ပြန် ဆိုပြီး သဘော တူ လိုက်တော့ ကျွန်မ လည်း အရမ်း ပျော်သွားတယ်။ဒါပေမယ့် နောက်နေ့ ရိုက်ကူးရေး လုပ်ဖို့ ကျွန်မသွားတဲ့ အချိန် လဲ ရောက် ရော သတင်းက ဖော်ပြ ပြီး နေပြီ..
View this post on Instagram
စင်ပေါ် မတက်ခင် မိနစ် ၃၀ လောက်မှာ ပဲ သတင်း က ထွက် နေပြီ။တစ်ယောက် ယောက်က ဖော်ပြလိုက်တာ။ကျွန်မက စောင့်ပါအုံးလို့ ပြောတဲ့ သတင်း ထောက် ကို အရမ်းအားနာ မိသွားတယ်။ဒါကြောင့် စင်ပေါ် မတက်ခင် ကျွန်မ ကို နောက် ၁၀ မိနစ် ပေးပါလို့ တောင်းဆိုပြီး အဲ့ ၁၀ မိနစ် မှာ ကျွန်မ တောင်းဆိုခဲ့တဲ့ သတင်းထောက်ကို ဖုန်း ဆက်ပြီး တောင်းပန် လိုက်တယ်။အင်တာဗျူး လုပ်ပေးပါရ စေ ဆိုပြီး တောင်းဆို လိုက်တယ်..”။အဲ့ ၁၀ မိနစ်မှာေ ခါင်းတွေ က ထူပူနေပြီ။ကျွန်မ မှတ်မိတာ က အင်တာဗျူး အတွက်ပဲ။အဲ့ ကိစ္စ တွေ နဲ့ အလုပ်ရှုပ် နေ တော့ မိတ် ကပ် တောင် လိမ်း ဖို့ အချိန် မရ လိုက်ဘူး။
View this post on Instagram
ရိုက်ကူးရေး ကို လာတုန်းက မိက် ကပ် ပဲ ပြင်လိုက်ရတယ်။အခု ထိ အဲ့သတင်းထောက်နဲ့ သတင်း ဌာန နာမည်ကို မှတ်မိနေတုန်းပဲ .” လို့ ပြောခဲ့ပါတယ်။သူမက သတင်း ဖော်ပြဖို့ တစ်ရက် စောင့်ပေးပါ ဆိုပြီး တောင်းဆို မိခဲ့ကာ နောက် တစ်ရက် မှာ တခြား လူက ဖော်ပြ လိုက် တဲ့ အတွက် ကြောင့် သူ မကို သဘော တူ စောင့် ပေးတဲ့ သတင်း ထောက်ကို အားနာ မိသွားခဲ့တာပါ။Yoo Jae Suk က ပါ Kim So Yeon က အနုပညာလောကမှာ ဆိုရင် အရမ်း စိတ် ထား ကေင်း လွန်းသူ ဆိုပြီး လူတ စ်ချို့က ပြော ကြတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
View this post on Instagram
#AUNTYMAY