ကိုယ်ဝန်ရသွားတာကြောင့် လက်ထပ်လိုက်ကြရတဲ့ ကိုရီးယားအနုပညာရှင်များ

soompi/channel korea/kenh14.vn
Sponsored

ဒီကနေ့မှာတော့ မမျှော်လင့်ထားပဲ ကိုယ်ဝန်ရသွားတာကြောင့် လက်ထပ်လိုက်ကြရတဲ့ အနုပညာရှင်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။ သူတို့တွေကတော့ ကိုယ်ဝန်သာမရခဲ့ဘူးဆိုရင် သူတို့အောင်မြင်နေကြတဲ့ အချိန်မှာ အဲလောက်ထိ စောစောစီးစီး မင်္ဂလာဆောင်ခဲ့ကြလောက်မှာ မဟုတ်ပါဘူး။ ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

Jang dong gun နဲ့ Go So Young

သူတို့ကတော့ ကိုရီးယားအနုပညာလောကမှာ အကျော်ကြားဆုံးအတွဲဖြစ်ပြီး ၂၀၁၀ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ပထမမှာတော့ မိန်းကလေးဘက်က ကိုယ်ဝန်လွယ်ထားရတာကြောင့် လက်ထပ်လိုက်တယ်လို့ သတင်းတွေထွက်ပေမဲ့လည်း အဲဒီသတင်းတွေကို ပြန်ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်ပြီး ၅လ အကြာမှာပဲ သူတို့ရဲ့ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။

sompi

Kwon Sang Woo နဲ့ Son Tae Young

Sponsored

သူတို့ကတော့ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ အစပိုင်းမှာတော့ မင်းသမီး Son Tae Young က သူမရဲ့ အတိတ်ကနာမည်ဆိုးတွေဖျက်ချင်လို့ Kwon Sang Woo ကိုအသုံးချခဲ့ပြီး မင်္ဂလာဆောင်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။အဲဒီသတင်းတွေကို ပြန်လည်တုံ့ပြန်ဖို့ Kwon Sang Woo ကတော့ သူတို့မင်္ဂလာဆောင်ရတဲ့ အကြောင်းအရင်းဟာ ကလေးရသွားတာကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

READ
လက်ထပ်မယ့်သတင်းနဲ့ ကိုယ်ဝန်ရနေတဲ့အကြောင်းကို ပူးတွဲ အသိပေးလိုက်တဲ့ PARK HAN BYUL
Kwon Sang Woo နဲ့ Son Tae Young

Kim Jae Won

သူကတော့ မင်္ဂလာသတင်းနဲ့ ပရိသတ်တွေကို အံ့သြစေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မင်္ဂလာဆောင်မှာတော့ Kim Jae Won က သူရဲ့ မိန်းမဖြစ်သူ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ သူ့ရဲ့ မိန်းမကတော့ ဖက်ရှင်ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။

kenh14.vn

Uhm Tae Woong

သူကတော့ ၂၀၁၃ ခုနှစ်မှာ မင်္ဂလာဆောင်သွားခဲ့ပြီး အဲဒီအချိန်မှာ သူ့ရဲ့ မိန်းမက ကိုယ်ဝန်သုံးလရှိနေပြီဖြစ်ပါတယ်။

Amino Apps

Moon He Junနဲ့  So Yul

H.O.T ရဲ့ အဖွဲ့ဝင်ဟောင်း Moon He Jun နဲ့ Crayon Pop ရဲ့ အဖွဲ့ဝင်ဟောင်း So yul တို့ကတော့ လက်ထပ်ပြီး ၃လအကြာမှာ ပထမဆုံးရင်သွေးလေးကို မွေးဖွားခဲ့ပါတယ်။

READ
ဒီနှစ်နွေရာသီမှာ စစ်မှုထမ်းသွားတော့မယ့် Park Bo Gum
Soompi

Lee Dong Gun နဲ့Jo Yoon Hee

Lee Dong Gun ကတော့ T-ara ရဲ့ အဖွဲ့ဝင် Jiyeon နဲ့ လမ်းခွဲပြတ်စဲကြောင်း ကြေငြာပြီးခဏမှာပဲ Jo Yoon Hee နဲ့တွဲနေကြောင်း ပရိသတ်ကို အသိပေးခဲ့ပါတယ်။ သူတို့ကတော့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး Jo Yoon Hee ဟာ အဲဒီအချိန်မှာ ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်ပါတယ်။

Soompi

Lee Si Young

သူမကတော့ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို Look Out ဇာတ်လမ်းတွဲရိုက်ကူးနေစဉ်မှာ သိခဲ့တာဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး လက်ထပ်တော့မယ့်အကြောင်းကို အင်စတာဂရမ်ပေါ်မှာ ပရိသတ်ကို အသိပေးခဲ့ပါတယ်။ သူမကတော့ အနုပညာရှင်မဟုတ်တဲ့ စီးပွားရေးသမားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။

카마스튜디오

Source: Top Star Korean News

sponsored