တောင်ကိုရီးယားရဲ့ ကြော်ငြာဘုရင်တွေအဖြစ် တင်စားခံနေကြရတဲ့ ကိုရီးယားအနုပညာရှင်များ

Celebrities's Instagram
Sponsored

ဒီတစ်ခေါက်မှာတော့ တောင်ကိုရီးယားအမျိုးသားအနုပညာရှင်တွေထဲကမှ  ကြော်ငြာဈေးကွက်ကို အပိုင်စားသိမ်းထားတဲ့ သူတွေကို သိကြလားမသိဘူး။ တချို့တွေဟာ ဂီတအပိုင်းမှာ idol တွေဖြစ်ကြပြီး တစ်ချို့တွေကတော့ K-Drama မင်းသားတွေလည်း ပါဝင်နေပါတယ်။ ဘယ်သူတွေများလဲ ကြည့်လိုက်ကြရအောင်။

Kim Soo-hyun

Sponsored

ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံး မင်းသားအဖြစ် မှတ်တမ်းတင်ထားတဲ့ Kim Soo-hyun ဟာ ကြောငြာလောကမှာလည်း ထိပ်ဆုံးက နေရာယူထားပါတယ်။ K-drama ဖြစ်တဲ့ It’s Okay Not To Be Okay မှာဆိုရင် တစ်ပိုင်းကို ဒေါ်လာ ၁၆၅,၀၀၀ တောင်ရပါတယ်တဲ့။

Hyun Bin

Hyun Bin တစ်ယောက်ကတော့ ၂၀၁၁ ခုနှစ်၊ စစ်မှုထမ်းတဲ့သတင်းကြောင့်ပဲ ကြော်ငြာလောကမှာ စတင်ပြီး ထိပ်တန်းကို ရောက်လာခဲ့ပါတယယ်။ နာမည်ကြီး brand တွေဖြစ်တဲ့ Sasmsung တို့၊ Mediheal တို့နဲ့တောင်မှပဲ ပင်တိုင်မင်းသားလိုမျိုး ဖြစ်လာခဲ့တာပါ။ ဒီအပြငု မိုဘိုင်းကုမ္ပဏီတွေ၊ သိပ္ပံပညာရပ်ဆိုင်ရာကုမ္ပဏီတွေရဲ့လည်း ကြော်ငြာကြီးတွေ တွဲလုပ်ခဲ့ဖူးပါတယ်။

READ
သင့် "Ex" က သင့်ကို မက်ဆေ့တွေ လာလာပို့နေတာရဲ့နောက်ကွယ်က အကြောင်းအရင်းမှန် (၅)ခု

Lee Min-ho

၂၀၀၉ ခုနှစ်မှာ Boys Over Flowers နဲ့ တဟုန်တိုးနာမည်ကြီးလာခဲ့တဲ့ Lee Min-ho ကတော့ K-drama လောကမှာအပြင် ကြော်ငြာလောကမှာလည်း နာမည်ရလာခဲ့ပါတယ်။ The King: Etenal Monarch မှာလည်း ကြက်ကြော်လေးစားပြလိုက်တာ ကြက်ကြော်ရောင်းအားဟာ ၅၅၀,၀၀၀ တောင် တက်သွားခဲ့ပါတယ်တဲ့။

Park Bo-gum

၂၀၁၇ ခုနှစ်ကတည်းက ကြော်ငြာဘုရင်တွေထဲက တစ်ဆူအဖြစ် သတ်မှတ်ခြင်းခံထားခဲ့ရတာပါ။ Coca-Cola, Samsung, K Swiss စတဲ့ brand ကြီးတွေအပြင်ကိုမှ ကိုရီးယား brand တွေတော်တော်များများကိုလည်း ကိုင်တွယ်ထားသူတစ်ဦးပါ။

Park Seo-joon

What’s Wrong With Secretary Kim နဲ့ ကမ္ဘာကျော်သွားခဲ့တဲ့ Park Seo-joon ဟာလည်း တောင်ကိုရီးယားက ထိပ်တန်းမင်းသားတွေထဲက တစ်ယောက်ပါပဲ။ သူကတော့ တခြား ကုန်ပစ္စည်းကြော်ငြာတွေထက်စာရင် အဝတ်အစားတွေနဲ့၊ အလှကုန်တွေအပိုင်းမှာ ပိုပြီး အောင်မြင်ပါတယ်။

READ
ခံစားချက်တွေကို မျိုသိပ်တာများလွန်းတဲ့အခါ ဖြစ်လာမယ့်ဆိုးကျိုး (၇)မျိုး

penny

sponsored