Idol တစ်ချို့ကို Ban ပေးဖို့ အသနားခံစာတင်ပြီး တောင်းဆိုနေကြ

Image:IG/ victoria & Lay
Sponsored

Idol တစ်ချို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပိတ်ပင် သွားဖို့ အသနားခံစာတင်ပြီး တောင်းဆိုနေ
ကိုရီးယားပြည်သူတွေ က တော့ Idol တစ်ချို့ရဲ့ ကိုရီးယားနိုင်ငံ အတွင်း အနုပညာလှုပ်ရှားမှုတွေကို ပိတ် ပင် သွား ဖို့ အတွက် အသနား ခံစာ တင်ပြီး ၀ိုင်း တောင်းဆို နေကြပါတယ်။မကြာသေးခင်က သမိုင်း ကြောင်း ဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စ ကြောင့် ဒီလို ကိစ္စ တွေ ဖြစ် လာတာပါ။ကိုရီးယား ပြည်သူတွေ က ပိတ်ပင် ပေးပါလို့ တောင်းဆိုခံနေရတဲ့ အနုပညာရှင်တွေ ထဲမှာတော့ EXO’s Lay, f(x)’ ရဲ့ Victoria, PRISTIN အဖွဲ့ဝင် ဟောင်း Kyulkyung, Cosmic Girls က Cheng Xiao, Xuanyi, Meiqi, တို့ ပါဝင် ပါတယ်။ဒီအ ကြောင်းကိုတော့ All Kpop မှာေ ဖ်ာပြထားပါတယ်။

 

View this post on Instagram

 

자유롭게☘️ I love my style I trust myself

A post shared by 선의宣仪 (@w.xuanyi0126) on

 

View this post on Instagram

 

A post shared by 성소 程潇 Chengxiao (@chengxiao_0715) on

Sponsored


ဒီလိုတွေ ဖြစ်ရတာ က တော့ အရင် ပြီးခဲ့တဲ့ အတိတ် သမိုင်း ကြောင်း နိုင်ငံရေး ကိစ္စ တွေ ကြောင့် ပါ။တရုတ် K Pop Idol တော်တော် များများက ကိုရီးယား စစ်ပွဲမှာ တရုတ် ပါဝင် ခဲ့မှု အ ပေါ် အားပေး ထောက်ခံ မှုတွေကို ပြ ခဲ့တာ ကြောင့် ကိုရီးယား ပြည်သူ တစ်ချို့က ဒေါပွ နေကြတာပါ။ကိုရီးယားပြည်သူတွေရဲ့ အသနားခံစာထဲမှာတော့ သမိုင်း ကြောင်းကို ပြောင်းလဲ ဖို့ လုပ်နေတဲ့ ဒီလို လူမျိုး တွေ က ကိုရီးယားမှာ အနုပညာလှုပ်ရှားမှု တွေ ဆက်လုပ် နေတာကို မမြင် ချင်ဘူး ဆိုပြီး တောင်း ဆို ထားပါတယ်။

 

View this post on Instagram

 

A post shared by 美岐MEIQI (@m.meiqi7) on

 

View this post on Instagram

 

A post shared by 周洁琼 zhoujieqiong 주결경 (@zhou_jieqiong1216) on

တရုတ် အစိုးရက ရုပ်ရှင်တွေ၊documentary တွေ ကို ဖန်တီးပြီး ၀ါဒ ဖြန့်ချီ မှုတွေ ကို ဆက်လက် လုပ် ဆောင် နေ တယ်လို့ လည်း စာ ထဲ မှာ ဖော်ပြထားပါတယ်။ဒီ Idol တွေ က ကိုရီးယားမှာ အနုပညာလှုပ်ရှားမှုတွေ လုပ် ပြီး အောင်မြင် နေတယ်၊သူတို့ ကျော်ကြား မှု ကို အသုံးချ ပြီး ကိုရီးယားသမိုင်း ကို ပြောင်းလဲ လှန် ဖို့ လုပ် နေတယ်၊ဖျက်စီးနေတယ် ဆိုပြီး အသနားခံစာကို ထောက်ခံ သူတွေ က ဆိုပါတယ်။အသနားခံစာကို တော့ အောက်တိုဘာ (၂၅) ကိုရီးယား ဒေသစံတော်ချိန် ည 9:55 PM မှာ စတင် ခဲ့ကာ ထောက်ခံသူ က တော့ 11,711 ယောက် ကျော်သွားပါပြီ။

 

View this post on Instagram

 

#他其实没有那么爱你

A post shared by Victoria Song宋茜 (@victoria02_02) on

 

View this post on Instagram

 

I’m gonna take my horse to the old town road #horselife

A post shared by Lay Zhang (@layzhang) on

#AUNTYMAY

sponsored