EXOက ထွက်ခဲ့ပြီးနောက် အရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ် ပထမဆုံးအကြိမ်ပြန်တွေ့ရတဲ့ သူတို့

Sponsored

Kris, Taoနဲ့ Luhanတို့ကိုတော့ EXO ကနေထွက်ပြီးနောက်မှာ သုံးယောက်အတူမတွေ့ရတာအတော်လေးကြာပါပြီ။ သူတို့သုံးယောက်ကတော့ လတ်တလောမှာပဲ  အရင်ကလို အရမ်းကို ရင်းနှီးကြတဲ့ မိတ်ဆွေတွေ ပြန်ဖြစ်သွားကြပါပြီ။

Taoနဲ့  Luhanတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုဆက်လက်ပြီး ခိုင်မြဲနေတာကိုတော့ ၂၀၁၇ ခုနှစ်လောက်က Luhanက Tao ကို မွေးနေ့ဆုတောင်းပေးခဲ့တာကနေတစ်ဆင့် သိရှိခဲ့ရပါတယ်။ Luhan နဲ့ Kris တို့ကလည်း တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်ရှိနေတယ်ဆိုတာကို ပရိသတ်တွေက သိထားကြပါတယ်။

Sponsored

ဒါပေမဲ့လည်း သူတို့ သုံးယောက်လုံးကိုတွဲပြီးတော့ ကြားရတဲ့သတင်းတော့မရှိပါဘူး။ဒါပေမဲ့ ပြီးခဲ့တဲ့လကတော့ Kris နဲ့Tao တို့နှစ်ယောက် ပြန်ပြီးတော့ အဆင်ပြေနေကြတာကို ပရိသတ်တွေလည်း သိကြမှာပါ။

Luhanရဲ့ Adventure Trip to Europe အစီအစဉ်မှာတော့ ပရိသတ်တွေက Kris, Taoနဲ့ Luhanတို့သုံးယောက် ဘယ်လောက်အထိတောင် ပြန်ပြီးတော့ ရင်းနှီးနေကြပြီဆိုတာ သိခွင့်ရခဲ့ကြပါတယ်။

READ
တောင်ကိုရီးယား တက္ကသိုလ် တစ်ခုတွင် ဒိတ်လုပ်နည်းကို ဘာသာရပ်အဖြစ် ထည့်သွင်းသင်ကြား

အဲဒီအစီအစဉ်မှာတော့ Luhan က ဥရောပကို လေယာဉ်စီးပြီးသွားရမှာပါ။ ဒါပေမဲ့ Luhan က လေယာဉ်စီးရမှာကို အရမ်းကြောက်နေခဲ့တာပါ။ ဒါကြောင့် တရုတ်ကနေထွက်တဲ့ လေယာဉ်နှစ်စီးကိုတောင် လွတ်သွားခဲ့ပါတယ်။ ဒါကြောင့် Luhan က kris နဲ့ Tao တို့ရဲ့ အကူအညီကို ယူခဲ့ပါတယ်။ kris နဲ့ Tao တို့ကတော့ Luhan ရဲ့ အိမ်အထိတောင်လာပြီး တတိယတစ်ကြိမ်မှာတော့ လေယာဉ်ကို သေချာပေါက်စီးဖို့ ဖျောင်းဖြခဲ့ပါတယ်။

Luhan ကတော့ သူရဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အကူအညီနဲ့ လေယာဉ်ပေါ်ကိုတောင် ဘယ်သူ့အကူအညီမှမပါပဲတက်ခဲ့ပါတယ်။ Tao ကတော့ Luhan ကို လေဆိပ်ကို လိုက်ပိုပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Luhan ရဲ့ သူငယ်ချင်း LaoGaoက ပြောပြခဲ့တာဖြစ်ပါတယ်။

READ
မြန်မာနိုင်ငံရဲ့အလှဆုံး ဆယ်လီမေမေ (၁၀) ဦး

SOurce: Koreaboo

sponsored