လောင်းကစား စွပ်စွဲချက်တွေကို Kwon Sang Woo ဘက်က ငြင်းဆို

Image:IG/sontaeyoung & Su
Sponsored

Kwon Sang Woo က တော့ မြန်မာပရိသတ်တွေကြားမှာလည်း တစ်ခေတ် တခါ က အရမ်းကို နာမည်ကြီး ပြီး လူကြိုက်များခဲ့တဲ့ မင်းသားတစ်ယောက်ပါ။ Stairway To Heaven ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်တွေ ကြားမှာ နာမည်ကြီးလာခဲ့သူပါ။ Kwon Sang Woo က တော့ မကြာသေးခင်တုန်းက လောင်းကစား ကိစ္စ နဲ့ ပတ်သက်ပြီး စွပ်စွဲ ပြောဆိုတာတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒီအ ကြောင်းကို တော့ Koreaboo မှာ ဖော်ပြ ထားတာပါ။

 

View this post on Instagram

 

: 수컴퍼니 SUCOMPANY_OFFICIAL 배우 #최강희 님 지목으로 캠페인에 참여 할수 있어서 감사하게 생각합니다. 벌써부터 여름처럼 더워지는데 고생하실의료진여러분및 관련 여러분의 노고가 걱정되네요..항상 감사드리며 여러분의 헌신으로 우리나라가 코로나19를 잘 이겨내는거 같습니다 화이팅입니다. 다음주자는 #손태영 ,#이혜영 ,#정지훈 (비)님입니다. 따뜻한 마음을 함께 응원해요!

A post shared by @ sucompany_official on

Sponsored

စွပ်စွဲချက်မှာတော့ Kwon Sang Woo က လွန်ခဲ့တဲ့ ၁၅ နှစ်တည်းက လောင်းကစား အလုပ် တွေကို လုပ် နေသူ လို့ ဖော်ပြခဲ့တာပါ။ Kim Yong Ho, Entertainment Team Leader  လို့ ခေါ်တဲ့ Youtube Channel က  သတင်း ထောက် တစ်ယောက်က  စွပ်စွဲ ခဲ့တာပါ။သူက တော့ အရင်တုန်းက အနုပညာ သတင်း ထောက် တစ်ယောက် ဖြစ်ခဲ့ဖူးပြီး သူ့ရဲ့ channel က နေ ပြောတဲ့ အ ကြောင်းအရာ တော်တော် များများက ယုံကြည်လို့ ရတဲ့ Source တွေ က လာ တာပါ။ဒါကြောင့်လည်း သူ့မှာတော့ subscriber (၄)သိန်း ရှိပါတယ်။

 

View this post on Instagram

 

: 수컴퍼니 SUCOMPANY_OFFICIAL #권상우 #kwonsangwoo #수컴퍼니 #sucompany_official

A post shared by @ sucompany_official on

အဲ့ဒီသတင်းထောက် ဟောင်းက နေ Kwon Sang Woo ကို လောင်းကစား သမား တစ်ယောက် အဖြစ် သံသယ ၀င် ကြောင်း ပြောခဲ့ပါတယ်။ထိပ် တန်း အနုပညာရှင် တစ်ယောက်က Shin Jung Hwan နဲ့ အတူတူ ဆိုးလ်မြို့  Chungdamdong  မှာရှိတဲ့ ကာစီနို ၀ိုင်းတစ်ခုမှာ (၂၀၀၅)တုန်းက လောင်းကစား လုပ်ခဲ့ တယ်လို့ ဆိုပါတယ်။ Shin Jung Hwan ကို တော့ ဖမ်းမိခဲ့ပေမယ့် Kwon Sang Woo က တော့ ထွက် ပြေး လွတ် မြောက် သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ စက်တင်ဘာ (၂၀) တုန်းက Youtube Channel မှာ ထုတ်ပြောခဲ့တာပါ။

 

View this post on Instagram

 

A post shared by Son taeyoung 손태영(actress) (@sontaeyoung_official) on

Kwon Sang Woo ရဲ့ အေဂျင်စီ Su Company က တော့ ဒါဟာ လုံးဝ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲ ပြောဆို ချက် ဖြစ်ပြီး အကုန်လုံးက အမှားတွေ ပါလို့ ပြောခဲ့ပြီး စွပ်စွဲချက် တွေကို ငြင်းခဲ့ပါတယ်။အဲ့ဒီ  YouTube channel ဟာ အရင်တုန်းက လည်း AOA အဖွဲ့ ကြားက အနိုင်ကျင့်မှုတွေ၊ Seo Ye Ji နဲ့ Kim Soo Hyun ဒိတ်လုပ် နေတယ် ဆိုတဲ့ သတင်းတွေ ကိုလည်း ဖြန့် ခဲ့ဖူးပါတယ်။ Su Company က တော့ သတင်းမှားဖြန့် သူတွေကို ဥ ပ ဒေ နဲ့ အညီ အ ရေးယူ သွားမယ်လို့ ပြောခဲ့ပါတယ်။ Kwon Sang Woo က တော့ လက်ရှိမှာ Miss Korea အလှမယ် ဟောင်း မင်းသမီး Son Tae Young နဲ့ လက်ထပ်ထားပြီး သား တစ်ယောက် ၊သမီး တစ်ယောက် ရှိပါတယ်။

#AUNTYMAY

sponsored