မင်းသမီးချော ဆောင်းဟေ တစ်ယောက် ဖိနပ် Brand Suecomma Bonnie အတွက် ရိုက်ပေးထားတဲ့ ပုံအသစ်လေးတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ဆောင်း ဟေကိုကတော့ လက်တလောမှာ အဲ့ဒီ ဖိနပ် Brand Suecomma Bonnie Brand နဲ့ လက်တွဲနေပြီး ကြော်ညငာ တွေ ရိုက်ကူး ပေးနေပါတယ် ။နောက်ထပ် အသစ်ရိုက်ပေးလိုက်တဲ့ေ ကြာ်ငြာ မှာတော့နုပျို ပျိုမြစ်လှပတဲ့ ဆောင်းဟေကိုရဲ့ အမိုက်စား ပုံလေးတွေကို တွေ့ရမှာပါ။


ဆောင်းဟေကိုကိုတော့ November 22, 1981 မှာ မေးဖွားခဲ့တာပါ။ သူမရဲ့ အသက်ကတော့ အခုဆိုရင် (၃၈)နှစ်ရှိနေပါပြီ။ (40)နားကို တဖြည်းဖြည်း နီးလာ ပေမယ့် တစ်နေ့ ထက် တစ်နေ့ ပိုပိုပြီး လှလာတဲ့ Kyo ပါ။


ပြီးခဲ့တဲ့ (၂၀၁၉)မှာတော့ သူမရဲ့ အိမ်ထောင်ရေးမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။နောက်ဆုံးမှာတော့ အိမ် ထောင်ရေးက လုံးဝ ပြိုကွဲ ခဲ့ရပါတယ်။ အိမ် ထောင်ရေးမှာ ပြဿနာ ပေါ် နေတဲ့ အချိန် မှာ လည်း အလုပ်ေ တွ ကို မနားပဲ ဆက်တိုက်ပွဲတွေ တက် အလုပ်လုပ်နေခဲ့တာကို တွေ့ရပါတယ်။



အနုပညာလှုပ်ရှားမှု အနေနဲ့ဆိုရင်တော့ ပတ်ဘိုဂန်နဲ့ အတူ Encounter ဆိုတဲ့ ဒရမ်မာဇာတ်ကားသစ်ရိုက်ကူးပြီးတည်းက နောက်ထပ်ကားသစ်မရိုက်တာ တော်တော်ကြာခဲ့ပါပြီ။ လက်ရှိမှာတော့ သူမရော သူမရဲ့ ခင်ပွန်းဟောင်း ဆောင်ဂျွန်ကီ တို့ က အနုပညာလှုပ်ရှားမှုတွေကို ကိုယ်စီ လှုပ်ရှားဆောင်ရွက်နေပါတယ်။


Source:IG/Suecomma Bonnie