မိန်းကလေးတိုင်းအတွက် ဆေးတစ်လက်ဖြစ်တဲ့ ရုံးပတေသီးရဲ့ အံ့ဖွယ်အကျိုး (၁၀) ခု

Freepik- valeria_aksakova
Sponsored

ရုံးပတေသီးဟာ အတို့အမြှုပ်ပဲလုပ်လုပ်၊ ဟင်းချက်ပဲစားစား၊ ကြော်ပဲစားစား၊ ဟင်းခါးလုပ်ပြီးပဲသောက်သောက် ဘက်စုံစားနိုင်တဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်ပါတယ်။ နောက် ရုံးပတေသီးဟာ မိန်းကလေးတွေအတွက် သဘာဝကပေးတဲ့ ဆေးစွမ်းတစ်လက်ဖြစ်တယ်ဆိုတာကိုလည်း အားလုံးကြားဖူးကြမှာပါ။ ဒီတော့ ရုံးပတေသီးစားပေးခြင်းကြောင့် ရလာနိုင်တဲ့ အံ့မခမ်းအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Carotenoids ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်လ့းကို အားကောင်းစေပါတယ်။

Sponsored

(2) ဒီအပြင် Carotenoids ဓာတ်ကပဲ အသားအရေပြန်လည်ပြုပြင်တဲ့ လုပ်ငန်းတွေမှာ အားပေးကူညီပေးပါတယ်။ နေလောင်တာတွေနဲ့ အရွယ်တင်နိုပျိုမှုလုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုမှာပါ။

(3) သွေးနီဥလျော့နည်းခြင်းကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

Freepik- lmykola

 

(4) ဗီတာမင် စီ ပါဝင်တဲ့အတွက်ကြောင့် anti-oxidant ပေါကြွယ်ဝတဲ့အတွက် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။

(5) ရုံးပတေသီးမှာပါဝင်တဲ့ Okra ဟာ ကိုယ်အလေးချိန်ကျဆင်းခြင်းကို အထောက်အကူပြုပါတယ်။

(6) ဒီအပြင် Bhindi ဟာ ဆီးချိုဖြစ်ခြင်းကို ကာကွယ်ပေးမှာပါ။

READ
လူတိုင်း ဘဝမှာ ငြင်းပယ်ခွင့်မရှိဘဲ မဖြစ်မနေ ကြုံကို ကြုံရမယ့် အခိုက်အတန့်(၅)ခု

(7) Bhindi ရဲ့ နောက်ထပ် လုပ်ဆောင်ချက်ကတော့ ဝမ်းချုပ်ခြင်းကို မဖြစ်စေတာပါပဲ။

Freepik- sokor

(8) ဖိုက်ဘာဓာတ်ပေါကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကိုလက်စရောတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် အသည်းထဲဝင်ရောက်မယ့် ကိုလက်စရောတွေကိုပေါ့။

(9) Pectin ဓာတ်ဟာလည်း နှလြံုးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

(10) ရုန်းပတေသီးရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အူလမ်းကြောင်းကို သူ့ရဲ့ သဘာဝချွဲကျိကျိအနှစ်တွေနဲ့ ရှင်းလင်းပေးသွားတဲ့အတွက်အူမကြီးကင်ဆာမှ ကာကွယ်ပေးနိုင်တာပါပဲ။

Freepik- pinkomelet

penny

sponsored