မျက်လုံးရှေ့မှာပဲ အဝတ်တွေကိုတစ်ထည်ပြီးတစ်ထည် စက္ကန့်ပိုင်းတွင်းလဲပြခဲ့တဲ့သူမ

YouTube- Fool Us
Sponsored

၂၀၁၈ ခုနှစ်လောက်တုန်းက ခေတ်စားသွားတဲ့ ဗီဒီယိုတစ်ခုရှိနေပါတယ်။ အဲဒါကတော့ Fool Us ဆိုတဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ ပြိုင်ပွဲလာဝင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပြိုင်ပွဲဝင်ဖျော်ဖြေမှုတစ်ခုပါ။

Fool Us ဆိုတာ မျက်လှည့်ပညာရပ်တွေကို သူမတူအောင်လာရောက်ယှဉ်ပြိုင်ရတဲ့ အစီအစဉ်မျိုးပါ။ မျက်လှည့်ဆိုမှတော့ လူတွေဖျောက်ပြတာတို့၊ စိတ်ညှို့ပြတာတို့၊ ဓားတွေနဲ့ထိုးတာတောင် ဘာမှမဖြစ်တာတို့လိုမျိုးစတဲ့ သမန်ရိုးကျပုံစံတွေနဲ့ ပြိုင်ပွဲဝင်ခဲ့ကြတဲ့လူတွေနဲ့ပြည့်နေခဲ့တာပေါ့။ ဒါပေမဲ့ Season 7 မှာတော့ အမျိုးသမီးတစ်ယောက်ဟာ သူမတူတဲ့ပုံစံမျိုးနဲ့ ပြိုင်ပွဲဝင်ယှဉ်ပြိုင်လာခဲ့တာပါ။

YouTube- Fool Us
Sponsored

သူမနာမည်ကတော့ Léa Kyle ပါ။ ပြိုင်ပွဲမှတော့ Léa the Quick Change ဆိုတဲ့နာမည်နဲ့ ကျော်ကြားပါတယ်။ Léa ရဲ့ ပြိုင်ပွဲဝင်ဗီဒီယိုကတော့ ဒီလိုလေးပါ။ Léa ဟာ အမည်းရောင်ဂါဝန်ကို စစချင်းဝတ်ထားခဲ့တာဖြစ်ပြီးတော့ ဘယ်နားကမှန်းမသိတဲ့ အနီရောင်ဂါဝန်တစ်ထည်ကို ထုတ်လာခဲ့ပါတယ်။ နောက် အဲဒီဂါဝန်ကိုပဲ စက္ကန့်အတွင်းမှာပဲလဲပြသွားခဲ့ပါတယ်။

နောက်ပြီးလည်း ဂါဝန်တစ်ထည်ပြီးတစ်ထည်၊ ဂါဝန်တစ်ထည်ပြီးတစ်ထည်ကို အားလုံးရဲ့မျက်စိတစ်မှတ်အတွင်းမှာပဲ လဲလှယ်ပြသွားခဲ့တာပါ။ ဒိုင်တွေဆိုရင် အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားကိုဖြစ်လို့။ နောက် Léa ဟာ ပြိုင်ပွဲဝင်နေသလိုမဟုတ်ဘဲ ဖျော်ဖြေနေသလိုပဲ မျက်နှာဘေးနဲ့အလိုက် ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိစွာနဲ့ပဲ လုပ်ပြသွားခဲ့တာပါ။

READ
အမျိုးသမီးတိုင်း သတိထားသင့်တဲ့ ဈေးပေါတဲ့ မိတ်ကပ်နဲ့ Skincare အတု အန္တာရယ်
YouTube- Fool Us
YouTube- Fool Us

ဒီတော့.. Léa Kyle ရဲ့ ဖျော်ဖြေမှုလေးကို ကြည့်လိုက်ရအောင်လား။ အမိုက်ဆုံးအကွက်ကတော့ အင်္ကျီအစိမ်းကို မီးလုံးအနီလေးနှစ်ခုနဲ့ အနီရောင်ပြောင်းသွားတဲ့ အကွက်ပါပဲ။

penny

sponsored