အသက် (၂၀) ပြည့်ပြီးတိုင်း မဖြစ်မနေ သင်ကို သင်ထားသင့်တဲ့ အတတ်ပညာများ

Freepik- halayalex
Sponsored

အမျိုးသမီးဖြစ်ရခြင်းရဲ့ သဘောသဘာဝကိုက ကတိကထများပြီး တာဝန်တွေလည်း ပိုများတတ်ပါတယ်။ ဘဝကို မိသားစုတစ်ခုတည်ထောင်ပြီး ဖြတ်သန်းမယ်လို့ပဲ စိတ်ကူးထားကူးထား၊ တစ်ယောက်တည်းပဲ ဖြတ်သန်းမယ်လို့ စိတ်ကူးထားကူးထား အသက် ၂၀ ပြည့်ပြီးတာနဲ့ ဒီအတတ်ပညာလေးတွေကိုတော့ မဖြစ်မနေ သင်ယူထာသင့်နေပါပြီ။

(၁) ကားမောင်းတတ်ရမယ်

Sponsored

ကိုယ့်မှာ ကားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အော်တိုဂီယာတွေပဲ ကားအများစုဖြစ်နေချိန်မှာ ကားလေးတော့ တည့်အောင်မောင်းနိုင်အောင် သင်ထားတာ အကောင်းဆုံးပါပဲ။ စနစ်တကျမောင်းတတ်အောင်သင်ပြီး လိုင်စင်ရှိထားရင်တော့ မမှားတော့ဘူးပေါ့။

Freepik- freepik

(၂) ခွင့်လွှတ်တတ်ရမယ်

အသက် ၂၀ ပြည့်ခြင်းဟာ လူကြီးတစ်ယောက်အဖြစ် လုံးလုံးလျားလျားရောက်သွားခြင်းပါပဲ။ တချို့ ဒီအရွယ်မှာ ကျောင်းတက်နေတုန်းဆိုပေမယ့် တချို့ကတော့ အလုပ်တွေလုပ်ပြီး စီးပွားရေးလောကထဲရောက်နေပါပြီ။ ဒီအတွက်ကြောင့် လူပေါင်းများစွာနဲ့ ပြောဆိုဆက်ဆံရပါတော့မယ်။ ဒါကြောင့် စိတ်အခန့်မသင့်လို့ စိတ်လိုက်မာန်ပါ တုန့်ပြန်လိုက်တာမျိုးတွေကို သည်းခံပြီး လူတွေကိုလည်း ခွင့်လွှတ်တတ်အောင်ကြိုးစားရပါမယ်။

(၃) ဟင်းချက်တတ်ရမယ်

READ
အထီးကျန်အားငယ်နေတဲ့အချိန်မှာ ဘာလုပ်ရမလဲ

ဟင်းမချက်ချင်လို့ မချက်ရင်သာနေမယ်၊ ချက်တာတော့ ချက်တတ်နေရမယ်ပေါ့လေ။ ဟင်းချက်တာဟာ ချွေးမကေင်းတစ်ယောက်ဖြစ်ဖို့ ထရိန်နင်ယူထားတာမျိုးမဖြစ်စေရဘဲ ကိုယ်ကိုယ်တိုင်ဖို့ ဒါမှမဟုတ် ကိုယ်ချက်ကျွေးချင်တဲ့ ချစ်ရတဲ့လူတွေကို တစ်ခါတစ်လေ ချက်ကျွေးလို့ရအောင်တော့ တတ်ထားသင့်ပါတယ်။

Freepik- bilahata

(၄) တစ်ယောက်တည်းလည်းနေတတ်ရမယ်

ချစ်သူကိုပဲ အမှီခိုလွန်နေမျိုး၊ မိဘတွေမပါရင် ဘယ်ခရီးမှ မသွားရဲတာမျိုး၊ ဟိုနားဒီနားလေးတောင် အဖော်မပါဘဲ မသွားရဲတာမျိုး၊ ဘဝမှာ သူငယ်ချင်းတွေက မအားလို့ စကားမပြောဖြစ်ရင်တောင်မှပဲ စိတ်ကောက်တာမျိုးတွေကို မလုပ်ပါနဲ့တော့။

(၅) အလှပြင်တတ်ရမယ်

ဆယ်ကျော်သက်ကနေ ထိပ်စီးပြောင်းပြီဆိုတော့ glow up ဖြစ်ရပါတော့မယ်။ ဒီတော့ မိတ်ကပ်တွေလည်း လိမ်းပါ၊ အဝတ်အစားကိုလည်း အသက်အရွယ် အခြေနေ အချိန်ခါနဲ့လိုက်ပြီး ဝတ်တတ်အောင် လေ့လာပါ။ ၂၀ ကျော် အရွယ်ဆိုတာ လှသွေးကြွယ်လို့ အကောင်းဆုံးအချိန်ပါနော်။

Freepik- stui_badman

(၆) ရိုးသားစွာပိုက်ဆံရှာတတ်ရမယ်

READ
အမြဲတမ်း ဖက်ရှင်ကျနနေတဲ့ မိန်းကလေးတွေမှာ ရှိနေတဲ့ အမူအကျင့်များ

ငယ်တော့တဲ့အရွယ်မဟုတ်တော့တာကြောင့် professional လိုင်းတစ်ခုခုကို စတင်လေ့လာပြီး အလုပ်လုပ်ဖို့ ကြိုးစားပါ။ ဝန်ထမ်းပဲလုပ်လုပ်၊ ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ် သမာအာဇီဝနဲ့ ရိုးသားဖြူစင်စွာ ပိုက်ဆံရှာနိုင်အောင် အခုကတည်းက လေ့ကျင့်ပါ။

Freepik- wirestock

Penny

sponsored