Lee Dong Wook က တော့ GQ Korea ရဲ့ ဒီဇင်ဘာလထုတ်မှာ ပါဝင် ပေးခဲ့ပါတယ်။GQ ရဲ့ 2020 အတွက် Men of the Year အဖြစ် သတ်မှတ်ခံခဲ့ရပြီး နောက် အခုလို ပါဝင် ပေးခဲ့တာပါ။သူက တော့ ဒီ Title ကို ရတာ ဒါနဲ့ပါ ဆိုရင် သုံးနှစ်ဆက်တိုက်ပါ။အင်တာ ဗျူး မှာတော့ “Tale of the Nine-Tailed.” ဇာတ်ကား နဲ့ ပတ်သက် ပြီး ပြောပြခဲ့ပါ တယ်။ဒီကားထဲမှာတော့ အမြှီးကိုးချောင်း မြေ ခွေး gumiho အဖြစ် ပါဝင် ထားပါတယ်။ဇာတ်ကောင် အပေါ် အမြင်ကို မေးလာတဲ့ အခါမှာတော့. အရမ်းမိုက်တယ်၊Talent ရှိတယ်၊သူ့ရဲ့ ပြင်ပ ရုပ်ရည် ထက် ပိုပြီး နှလုံးသားက အေးစက်တယ်လို့ ထင်တယ်.သာ မန် ကိုယ်ရည်ကိုယ်သွေးလောက်နဲ့ တော့ တောင်ပိုင် ဖြစ်မှာ မဟုတ်ဘူးလေ.ဒီဇာတ်ေ ကာင်က အတွင်းစိတ်က ပို Strong ဖြစ်တယ် ထင်တယ် ဆိုပြီး ပြောပြခဲ့ပါတယ်။ဒီအြေ ကာင်းကိုတော့ Soompi မှာ ဖော်ပြ ထားပါတယ်။
View this post on Instagram
“Tale of the Nine-Tailed,” အတွက် ပြင်ဆင်မှုကို မေးတဲ့ အခါမှာတော့..”ကျေးဇူးတင်စရာ ကောင်းတာက ဒါရိုက်တာက ကျွန်တော့်ကို မီးစိမ်း ပြ ထား တော့ အခြေအနေ ပေါ် မူတည်ပြီး စိတ်ကြိုက် လွတ်လွတ် လပ်လပ် သရုပ်ဆောင်လို့ ရတယ်။‘Goblin‘ တုန်းက လဲ အဲ့လိုပဲ.ကျွန်တော် ထင်တယ် စာရေး သူ ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကား မျိုးက ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။မကောင်းဆိုးဝါးတွေ. မြေခွေးတွေနဲ့က အင်တာဗျူး လုပ် ထားတာ မဟုတ် တော့ အများကြီး ပြင်ဆင်စရာ မရှိဘူး။ရိုက်ကွင်း အနေ အထားပေါ် မူတည်ပြီး ကိုယ့်စိတ်ကြိုက် ဖန်တီး သရုပ်ဆောင် လို့ရတယ်..” လို့ ပြောခဲ့ပါတယ်။
View this post on Instagram
၂၀၂၀ အပေါ် သူ့အမြင်ကို မေးတဲ့ အခါ မှာတော့ Lee Dong Wook က ..အသစ် တွေ အများကြီး ကို ဆက်ပြီး နေသားတကျ ဖြစ်အောင် ပြင်ဆင် ရမယ် ထင်တယ်၊သာမန်လူ တစ်ယောက် အနေနဲ့ လည်း ကိုဗစ် ကြောင့် ကျွ န်တော့်ရဲ့ lifestyle နဲ့ social life ကို အကောင်းဆုံး ပုံစံ သစ် တွေ ပြောင်းလဲ ရ တယ်။အလုပ်မှာ လ ည်း relationships အသစ်တွေ၊system သစ်တွေ အများကြီးကို နေသားတကျ ဖြစ်အောင် ကြိုးစား ခဲ့ရတယ်။ကျွန် တော် လည်း နေသား တကျ ဖြစ်ရော. နောက်ထပ် အသစ်နဲ့ တခါ ပြန်ပြီး ထပ်တွေ့ရ တယ်။နောက်တစ်ပတ် က စပြီး ကျွန် တော် ဇာတ်ကား သစ် ရိုက်ကူး ရေး လုပ်ရမယ်။အဲ့မှာလည်း ကျွန်တော် အသစ်တွေနဲ့ ထပ် တွေ့ရ အုံးမယ်၊အသားကျ အောင် လုပ်ရအုံးမယ်..” လို့ ပြောခဲ့ပါတယ်။
စိတ်ကူးယဉ်ဇာတ်ကားတွေ ကို သရုပ်ဆောင်ဖြစ်နေတဲ့ Lee Dong Wook ကို သူ လိုချင်တဲ့ စိတ်ကူးယဉ် ကမ္ဘာ က ဘယ်လို မျိုးလဲ လို့ မေး ခဲ့ပါ တယ်။အဲ့ဒီ အခါမှာတော့ သူလိုချင်တဲ့ စိတ်ကူးယဉ် life က ကမ္ဘာကျော် rock band တစ်ခု ရဲ့ ခေါင်းဆောင်လို့ ပြောခဲ့ပါတယ်။”သီချင်းကောင်း ကောင်း ဆိုနိုင်တဲ့ သူတွေဆို တကယ်မနာလိုဘူး။စ င်ပေါ်မှာ သူတို့ ဘယ်လို မျိုး ဒီလောက် တောက်ပပြီး sexy ကျ အောင် ဆိုနိုင်လဲ တကယ်သိချင် မိတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။နောက်ထပ် နာမည်ကြီး အားကစားသမားလည်း ဖြစ်ချင် တယ်လို့ ပြောခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
ပြီးမှ .”အားကစားသမား တော့ ဖြစ် လို့ မရဘူး. အားကစားသမားဆိုရင် ကျွန်တော့် အသက်က အနားယူ တဲ့ အရွယ် ရောက်နေပြီ…” ဆိုပြီး ပြောခဲ့ပါတယ်။ဒီနှစ်အတွက် သူအကြိုက်ဆုံး သီချင်း ကို မေး တဲ့ အခါမှာေ တာ့ Lee Dong Wook က DAY6 ရဲ့ “You Were Beautiful” ဆိုတဲ့ သီချင်းလေးကို ကြိုက်တယ်လို့ ပြောခဲ့ပါတယ်။ဒီသီချင်းကို ကြား ရင် Lee Yeon နဲ့ Ji Ah ရဲ့ ချစ်ဇာတ်လမ်းလေးကို တွေးမိ မြင်ယောင် မိတယ်လို့ ဖြေခဲ့ပါတယ်။
#AUNTYMAY