စိတ်ဓာတ်တွေကျပြီး အိမ်ထဲမှာပဲ အချိန်အကြာကြီးနေဖူးကြောင်း ပြောပြလာတဲ့ Lee Dong Wook

ig/@leedongwook_official
Sponsored

မင်းသားချော Lee Dong Wook ကတော့ အရင်က စိတ်ဓာတ်တွေကျပြီး အိမ်ထဲမှာ နှစ်လ၊ သုံးလလောက်အထိ နေခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ May 20 ရက်နေ့က fashion magazine တစ်ခုဖြစ်တဲ့ W Korea ရဲ့ ဓာတ်ပုံရိုက်ကူးမှုအတွက် အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။

 

Sponsored

အဲဒီ့ အင်တာဗျူးမှာ မင်းသားချော Lee Dong Wook  ဟာ သူဟာ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု မရှိတဲ့ သူတစ်ယောက်ဖြစ်ကြောင်းကို ခုလိုပြောပြခဲ့ပါတယ် “တစ်ယောက်ယောက်က မင်းလုပ်တာ ကောင်းတယ်လို့ ပြောတဲ့အခါ ကျွန်တော်ကိုယ်ကျွန်တော် ကိုယ့်ရဲ့ပုံစံကို ပိုမြင်အောင်ကြည့်ဖို့လိုအပ်တယ်လို့ ထင်ပါတယ် ကျွန်တော့် အေဂျင်စီဒါရိုက်တာက မင်းအတွက် ဒါမခက်ခဲပါဘူးလို့ ပြောတတ်ပေမယ့် ကျွန်တော်က မဟုတ်ဘူး ကျွန်တော်ရဲ့ ပုံစံအမှန်ကို ကျွန်တော်နားလည်တယ် ကျွန်တော့်အကြောင်း ကျွန်တော ပိုသိတယ် ဒါလုပ်နိုင်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ် အဲဒါအတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ရဲ့ ပုံစံအမှန်ကို ပြောပြခဲ့ပါတယ်။

READ
အချစ်တော်ခွေးလေး ဒေါ့ဒ်ဂျာနဲ့ ပထမဆုံးတွေခဲ့တဲ့ နေ့အကြောင်း ပြောပြခဲ့တဲ့ ခရစ်အီဗန်စ်

 

နောက်ပြီး သူအိမ်ထဲမှာ အချိန်အကြာကြီး ကိုယ့်ကိုယ်ကို ပိတ်မိနေခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ် “ကျွန်တော် စိတ်ဓာတ်တွေကျပြီး ပြိုလဲခဲ့တဲ့ အချိန်တုန်းက အိမ်ထဲမှာပဲ နှစ်လ သုံးလလောက်ကို ဘယ်မှမသွားပဲ နေခဲ့ဖူးပါတယ် အဲဒါက JTBC drama ဖြစ်တဲ့ ‘Life’ ရိုက်ပြီးတဲ့ အချိန်တုန်းကပါ ကျွန်တော် အိမ်ကထွက်သွားရမှာကို ကြောက်နေခဲ့တယ် လူတွေ ကျွန်တော့ကို ဝေဖန်ပြောဆိုကြမယ်လို့ ခံစားရတယ် နောက်ပြီး ကျွန်တော့်ဘက်မှာ ဘယ်သူမှ မရှိဘူးလို့လည်း ခံစားရတယ် ဒီလို အရမ်းခံစားပြီးတော့ ဘယ်သူနဲ့မှလည်း မတွေ့ဘူး အိမ်မှာပဲ နေတယ် work out လုပ်တယ်” ဆိုပြီး သူ စိတ်ပိုင်းဆိုင်ရာ ခံစားခဲ့ရတဲ့ အချိန်တွေကို ပြောပြခဲ့ပါတယ်။

READ
နောက်နှစ်ထဲမှာ အသက် ၃၀ ပြည့်ကြတော့မယ့် ကေပေါ့အဆိုတော် မမများ

 

အဲဒီ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ခဲ့လဲလို့ မေးတဲ့အခါမှာတော့ သူက “ကျွန်တော်ပြန်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် လူတွေအများကြီးဆီက အကူအညီတွေယူခဲ့ပါတယ် သူတို့က ကျွန်တော်ဟာ တော်တဲ့သူ၊ ကောင်းတဲ့သူတစ်ယောက်ပါလို့ ပြောပေးခဲ့ကြတယ် အဲဒီ့အထဲမှာ Gong Yoo လည်း တစ်ယောက်အပါအဝင်ပါ အဲဒီ့အချိန် ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းရပေမယ့် ကိုယ့်ကိုယ်ကို ပြန်ယုံကြည်မှုရှိလာအောင် ကြိုးစားတယ် လူတွေက အရေးအပါဆုံးဖြစ်ခဲ့ပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။

Khin

sponsored