သူ့ဝါသနာ၊ သူ့ရည်မှန်းချက်ကို ဖွင့်ပြောလာတဲ့ Lee Dong Wook

Image:IG/Lee Dong Wook
Sponsored

ပရိသတ်တွေရဲ့ အချစ်တော် လူပျိုကြီး Lee Dong Wook က တော့ Nylon magazine နဲ့ အင်တာဗျူး မှာ ထုတ်ပြော ခဲ့ပါတယ်။ Nylon အတွက် အမိုက်စား ပုံတွေ ရိုက်ပေးခဲ့သလို အင်တာဗျူး ပါ ဖြေ ပေးခဲ့ပါတယ်။ all-black နဲ့  ရိုက်ထားတဲ့ ပုံတွေ၊ဂျက်ကတ် အပွ နဲ့ ပုံတွေကို တင်ထားပါတယ်။အင်တာဗျူး မှာတော့ သူ့ရည်မှန်းချ က်၊၀ါသနာ တွေကို  ထုတ် ပြော ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

Sponsored

သူ့ရည်မှန်းချက်က တော့ ရိုးရှင်းတယ်လို့ ပြောရမှာပါ။” ကျွန်တော့် ရည်မှန်းချက်က တော့ ပရိသတ်တွေ ယုံကြည်ရတဲ့ သရုပ် ဆောင် တစ်ယောက် ဖြစ်လာ ဖို့ ပါ။ဒါပေမယ့် အခုက တော့ စိန်ခေါ်မှု သစ် တွေကို တွေ ဝေ တုံ့ဆိုင်းတာ မျိုး မရှိပဲ စွန့်စွန့် စားစား လုပ် နေတယ်..” လို့ ပြောခဲ့ပါတယ်။ Lee Dong Wook  က တော့ မတူ တဲ့ ဇာတ်ကောင် ပုံစံ မျိုးစုံ ကို သရုပ်ဆောင်နေပါတယ်။

သူသရုပ်ဆောင်ခဲ့တဲ့ Hell Is Other People ဆိုတဲ့ ဇာတ်ကားကို ကြည့်မယ်ဆိုရင် တကယ့် ဆိုက်ကို လူသတ်သမား တစ်ယောက် အဖြစ် နဲ့ အရင် ပုံစံ နဲ့ လုံးဝ မတူတဲ့ သူ့ရဲ့ ပုံစံ သစ်ကို တွေ့ ရမှာပါ။သူ့ရဲ့ ၀ါသနာ ကို မေးတဲ့ အခါ မှာတော့.” ပုံမှန် အားဖြင့် တော့ သီချင်းနားထောင်တယ်၊လေ့ကျင့်ခန်း လုပ် ဖြစ်တယ်..” လို့ ပြောခဲ့ပါတယ်။

Lee Dong Wook ပါဝင်ထားတဲ့ “Tale of the Nine-Tailed,” ဆိုတဲ့ tvN ဒရမ်မာ ဇာတ်ကားကို တော့ လက်ရှိမှာ ထုတ်လွှင့် ပြသ နေပါတယ်။အရင် တုန်းက Goblin ဇာတ်ကားမှာ သေမင်းနေရာက နေ သရုပ်ဆောင် ဖူးပါတယ်။ ဒီ တစ်ခါ ဇာတ်ကားမှာတော့ မြေ ခွေးနေရာ က နေ ပါဝင် ထားပါတယ်။နာမည်က တော့ Lee Yeon ဖြစ်ပြီး မြို့ ပြ မှာ အ ခြေချ နေထိုင် တဲ့ မြေ ခွေးပါ။ Nam Ji Ah (Jo Bo Ah) က တော့ သူမ မိဘ တွေ ထူးဆန်းစွာ ပျောက် ဆုံးသွားရတဲ့ နောက်ကွယ်က အ ကြောင်းအရင်းကို စုံစမ်း နေသူပါ။

Lee Yeon က တော့ တစ်ချိန်က သူအရမ်းချစ်ခဲ့ရတဲ့ ချစ်သူ လူပြန် ၀င်စားလာဖို့ ကို မျှော်လင့် နေသူပါ။ Lee Dong Wook က တော့ သူ့ဇာတ်ကောင် နဲ့ ပတ်သက်ပြီး ကျလာတဲ့ ဇာတ်ကောင် ကို အ ကောင်းဆုံး သရုပ်ဆောင်သလို တခြား သရုပ်ဆောင်တွေ က ပေးလာတဲ့ အကြံဥာဏ်တွေကို လည်း လက်ခံ တယ်၊တခြားလူတွေရဲ့ အမြင် တွေကို လည်း လက်ခံ ပေးပါတယ်လို့ ပြောခဲ့ပါတယ်။

#AUNTYMAY

sponsored