Honey Lee နဲ့ Yoon Kyesang ရဲ့ (၇)နှစ်ကြာ ချစ်ဇာတ်လမ်းအဆုံးသတ်

Image:IG/Honey Lee & Yoon Kyesang
Sponsored

Honey Lee နဲ့ Yoon Kye Sang တို့ စုံ တွဲ လမ်းခွဲ လိုက်ပြီဆိုတဲ့ သတင်း ဇွန် (၁၁) ရက်နေ့က ထွက် ပေါ် ခဲ့ပါတယ်။ သူတို့ တွဲလာတဲ့ ချစ်သူ သက်တမ်း ကတော့ (၇)နှစ် တောင်ရှိခဲ့ပါပြီ။ News1  က နေ  Honey Lee နဲ့ Yoon Kye Sang  တို့ မကြာ သေးမီက လမ်းခွဲ လိုက်ပြီလို့ ဇွန် (၁၁) ရက်နေ့ ဖော်ပြ ခဲ့ပါတယ်။ နှစ်ယောက်လုံးရဲ့ သူငယ်ချင်းမိတ် ဆွေ တွေ က လည်း သူတို့ လမ်းခွဲ လိုက်ပြီဆိုတာကို ရိပ်မိပြီးသား တွေ လို့ ဖော်ပြ ခဲ့ပါတယ်။ ဒီ သတင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

@diormakeup #포에버파운데이션

A post shared by 이하늬❤️hanee Lee (@honey_lee32) on

Sponsored

ဒီသတင်းကိုတော့ နှစ်ယောက်လုံးရဲ့ အေဂျင်စီ Saram Entertainmen က နေ ပါ အတည်ပြု ပေးလိုက်ပါပြီ။ အစ ပိုင်းတုန်းက တော့ အေဂျင်စီ ဘက်က နေ Yoon Kye Sang  နဲ့ Honey Lee တို့ လမ်းခွဲ လိုက်ပြီဆိုပြီး သတင်း တစ်ခုမှာ ဖော်ပြ တာကို တွေ့ လိုက်ရ ကြောင်း၊ လက်ရှိမှာ ဒီသတင်းအမှန် ဟုတ် မဟုတ် အေဂျင်စီ ဘက်က လည်း စစ် ဆေး နေတယ်လို့ ပြောခဲ့ပါတယ်။ စစ်ဆေးလို့ ပြီးတာနဲ့ ပြန် ပြောပါ့မယ်လို့ လည်း ပြောခဲ့ပါတယ်။ အဲ့ ဒီ နောက် မှာတော့  အေဂျင်စီ ဘက် ကနေ လမ်းခွဲ လိုက် ကြောင်းနဲ့  လုပ်ဖော်ကိုင်ဖက် ကောင်းတွေ အဖြစ် နေသွားဖို့ ဆုံး ဖြတ် ထားကြတယ်လို့ ပြောခဲ့ပါတယ်။ အနုပညာရှင် နှစ်ယောက်လုံးကို ဆက်အားပေးဖို့ တောင်းဆိုထားပါတယ်။


Honey Lee နဲ့ Yoon Kye Sang  တို့ ကတော့ (၂၀၁၃) တုန်းက သူတို့ အချစ်ရေးကို တရားဝင် ထုတ် ပြ  ခဲ့တာပါ။လမ်းခွဲ လိုက်ပြီလို့ မကြာခဏ သတင်းထွက် ပေမယ့်လည်း ဒီသတင်းတွေ ကို တောက် လျောက် ငြင်းဆိုလာခဲ့တာပါ။ ပြီးခဲ့တဲ့ (၂၀၁၉) အောက်တိုဘာ တုန်းက တောင်မှ Honey Lee က သူတို့နှစ်ယောက် တွဲ နေ တုန်းပါ လို့ ပြောခဲ့ဖူးပါတယ်။

#AUNTYMAY

sponsored