Rowoon နဲ့ Lee Jaewook တို့ကတော့ Extraordinary You ဇာတ်လမ်းတွဲကို ၂၀၁၉ မှာ အတူ သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေရဲ့ ရင်းနှီးမှုတွေ ပိုပြီး တိုးခဲ့ကြပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲမှာ Lee Jaewook က Second Lead အဖြစ် ပါဝင်ထားပြီး Rowoon ကတော့ main lead အဖြစ် ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ Lee Jaewook ကတော့ သူ့ရဲ့ IG မှာ ပိုစ့်အသစ်တစ်ခု Update လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ပုံနဲ့အတူ သူက ရာသီဥတု အရမ်းအေးတယ်နော်။ အားလုံးပဲ နှင်းတွေနဲ့ အအေးဓာတ်တွေကြားမှာ ဂရုစိုက်ကြပါ လို့ ရေးသားထားခဲ့ပါတယ်။
View this post on Instagram
Lee Jaewook ရဲ့ ပိုစ့်မှာ Rowoon က “ဟုတ်ကဲ့ပါ”လို့ မှတ်ချက်လာရေးတာကိုလည်း တွေ့ခဲ့ရပြီး Lee Jaewook “အင်း အစားလည်း ကောင်းကောင်းစားဦး” ဆိုပြီး ပြန်လည် မှတ်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူက Rowoon ရဲ့ ဇာတ်လမ်းတွဲသစ် ဖြစ်တဲ့ She Would Never Know ကိုလည်း Mention လုပ်ပြီး အားပေးခဲ့ပါသေးတယ်။
View this post on Instagram
လက်ရှိအချိန်မှာတော့ Rowoon က သူ့ရဲ့ ဇာတ်လမ်းတွဲသစ်ကို ရိုက်ကူးရေး ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် Lee Jaewook က သူ့ရဲ့ IG story မှာ She Would Never Know ဇာတ်လမ်းတွဲရဲ့ ပိုစတာကို တင်ထားခဲ့ပြီး ပရိသတ်တွေကို ကြည့်နေကြလားဆိုပြီး မေးထားခဲ့ပါတယ်။
View this post on Instagram
အလုပ်တွေ ကိုယ်စီဆိုပေမယ့် တစ်ယောက်ကို တစ်ယောက် ခင်မင်နေရင်းနဲ့ အချိန်တွေ ကိုယ်စီ ပေးကြတာကို ကြည့်မယ်ဆိုရင် သူတို့ ဘယ်လောက် ခင်ကြလဲဆိုတာကို ပေါ်လွင်နေပါတယ်။
ပရိသတ်ကြီးရော Rowoon ရဲ့ ဇာတ်လမ်းသစ်ကို ကြည့်ပြီးကြပြီလား ပြောခဲ့ပါဦးနော်။
Kham