ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး Lee Ji-ah က တော့ Dazed Korea မဂ္ဂဇင်း အတွက် ဓါတ်ပုံ ရိုက်ကူးပေးခဲ့ပါတယ်။ဖေဖော်ဝါရီ လထုတ် Dazed Korea ရဲ့ ကာဗာ မော်ဒယ် အဖြစ်နဲ့ သူမက ပါဝင် ပေးခဲ့တာပါ။လက် တလောမှာတော့ သူမရဲ့ ဓါတ်ပုံတစ်ချို့ ကို မဂ္ဂဇင်းက နေ ဝေမျှ ပေးလိုက်ပါတယ်။လုံးဝကို စမတ်ကျ နုပျို လှပ နေတဲ့ သူမ ရဲ့ အမိုက်စား ပုံရိပ်တွေကို တွေ့ရမှာပါ။
View this post on Instagram
လုံးဝ Independent ဖြစ်ပြီး မော်ဒန် ကျ တဲ့ ပုံစံ မျိုးနဲ့ ရိုက်ကူး ပေးထားတာပါ။ဖေဖော်ဝါရီ လထုတ် Dazed Korea မှာတော့ ဘယ်လို အင်တာဗျူး ကဏ္ဍ ပါ ထည့်သွင်းပြီး Lee Ji-ah က တော့ ဘယ်လိုအ ကြောင်းအရာ တွေကို ဝေမျှ ပေးမလဲ ဆိုတာက တော့ စောင့်ကြည့်ရမှာပါ။ သူမရဲ့ အနုပညာ ဘ၀ အကြောင်းနဲ့ နာမည်ကြီးတဲ့ Penthouse ဇာတ်ကားထဲက သူမရဲ့ ဇာတ်ကောင် အကြောင်း တွေ ပါဝင် လာ လိမ့်မယ်လို့ တော့ ယူ ဆရ ပါတယ်။
View this post on Instagram
Lee Ji-ah က တော့ အသက် ၄၂ နှစ် ရှိ နေပါပြီ။သူမက တော့ ၂၀၀၇ တုန်းက The Legend မှာ ပါဝင်ပြီး နာမည်ကြီး ခဲ့သူပါ။သူမရဲ့ ရုပ်သံ စီးရီး အနေနဲ့ ဆိုရင် တော့ Beethoven Virus, Athena: Goddess of War, Me Too, Flower!, Thrice Married Woman တို့က တော့ နာမည်ကြီး ပါတယ်။ အရမ်းကို နာမည်ကြီးခဲ့တဲ့ Penthouse Season 1 မှာတော့ Shim Su-ryeon ဆိုတဲ့ ဇာတ်ကောင် နေရာက နေ ပါဝင် ခဲ့ပါတယ်။
View this post on Instagram
Season 1 မှာ အသတ် ခံလိုက်ရတဲ့ Shim Su-ryeon က တကယ် အသတ်ခံရတာလား၊နောက် Season 2 မှာ ပြန်ပါ မလား ဆိုတာကို တော့ ပရိသတ်က သိချင် နေကြပါတယ်။
သူမ အကြောင်း Wiki မှာ ဖော်ပြ ထားတဲ့ အထဲမှာတော့ Penthouse Season 2 မှာလည်း Shim Su-ryeon ဇာတ်ကောင် နဲ့ ပါဝင် ရိုက်ကူး ထားတယ် ဆိုပြီး ဖော်ပြထားတာ မို့ 2 မှာလည်း သူမ ပြန် ပါဝင် ဖို့က တော့ သေချာ သလောက် ရှိနေပါပြီ။Season 2 ကိုေ တာ့ ဖေဖော်ဝါရီ ၁၉ မှာ ပြသ မှာပါ။

#AUNTYMAY(ref:wiki & Dazed Korea)