Flower Of Evil ထဲက အနမ်းနဲ့ပတ်သတ်ပြီးပြောပြခဲ့တဲ့ Lee Joon Gi နဲ့ Moon Chae Won

ig/@actor_jb & @myu_bless
Sponsored

လက်တလော “It’s ok not to be ok” ကိုရီးယားဇာတ်လမ်းတွဲအပြင် ပရိသတ်တွေကို နောက်ထပ်ဆွဲဆောင်နေတာကတော့ “Flower of evil” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲဖြစ်ပါတယ်။ မင်းသား lee joon gi နဲ့ မင်းသမီး moon chae won တို့ပါဝင်သရုပ်ဆောင်ထားပြီး Thriller & Romance အမျိုးအစားပါ။

 

View this post on Instagram

 

New poster #flowerofevil

A post shared by Flower Of Evil (@flowerofevils) on

Sponsored

ဇာတ်လမ်းအကျဉ်းကတော့ မင်းသမီး moon chae won က မင်းသား lee joon gi နဲ့ လက်ထပ်ထားပြီး သမီးလေးတစ်ယောက်ရှိတဲ့သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပါတယ်။ မင်းသား lee joon gi ကတော့ အတိတ်မှာ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာသူ့ရဲ့အတိတ်ကို ဖုံးကွယ်ပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်နေတာပါ။ မင်းသမီးက သူမအရမ်းချစ်ရတဲ့ယောကျာ်းရဲ့အတိတ်ဘဝကို သိပြီးနောက်ပိုင်း မင်းသားနဲ့မင်းသမီးဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။

ဇာတ်လမ်းတွဲကတော့ စတင်ထုတ်လွှင့်တဲ့နေ့မှာတင် ဇာတ်အိမ်ကောင်းမွန်မှု၊ မင်းသားနဲ့မင်းသမီးရဲ့ အပေးအယူမျှမျှ သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးခြင်းကို ရရှိခဲ့ပါတယ်။ အထူးသဖြင့် ပထမအပိုင်းမှာ ပါဝင်ခဲ့တဲ့ အနမ်းကြောင့် ပိုပြီးနာမည်ကြီးသွားခဲ့တာပါ။ ဒီအနမ်းနဲ့ပတ်သတ်ပြီး lee joon gi နဲ့ moon chae won က live တစ်ခုမှာပြောသွားခဲ့တာကို soompi မှာဖော်ပြခဲ့ပါတယ်။

READ
(G)I – DLE YUQI ရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့တဲ့ Lee Kwang Soo

ရှေးဦးစွာ Lee joon gi က “ ကျွန်တော်တို့နှစ်ယောက် ဒီအနမ်းကိုဘယ်လိုပေးမလဲဆိုပြီး အရမ်းကိုစဉ်းစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီအနမ်းကို ပထမဆုံး ရိုက်ကူးရေးစတဲ့နေ့မှာ လုပ်ခဲ့ရတာလေ။ ကျွန်တော်တို့ကလည်း လင်မယားတွေလို သရုပ်ဆောင်ရမှာဆိုတော့ အနမ်းပေးတဲ့နေရာမှာ အတွေ့အကြုံမရှိသလို နူးနူးညံ့ညံ့လေး လုပ်လို့မရဘူး” လို့ပြောခဲ့ပါတယ်။

ဆက်လက်ပြီး moon chae won က “ တစ်ကယ့်ရိုက်ကူးရေးမှာတော့ အဲဒီလောက်ကြီး လေးလေးနက်နက် မနမ်းခဲ့ကြပါဘူး။ ကျွန်မတို့ နမ်းနေတဲ့အချိန် ကင်မရာက ကျွန်မတို့ရဲ့နှုတ်ခမ်းတွေကို ပုံကြီးချဲ့ပြီး ရိုက်လိုက်လို့ ဒီလိုလေးလေးနက်နက် နမ်းနေတဲ့အခန်းတွေ ထွက်လာတာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

READ
အမေရိကန် Hawaii မှာ(၂.၈)သန်းတန် ကွန်ဒို ၀ယ်လိုက်တဲ့ ဆောင်ဂျွန်ကီ

Lee joon gi ကလည်း “ အဲဒီဇာတ်ဝင်ခန်းကိုမြင်တော့ ကျွန်တော် အရမ်းကို အံ့ဩသွားခဲ့တာ။ ဒါရိုက်တာက အသေးစိတ်ရိုက်ကူးနိုင်ခဲ့တာပဲ” ဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီအချိန် live ထဲက ပရိသတ်တစ်ယောက်ရဲ့ အပြင်မှာလင်မယားတွေက အဲလို့မနမ်းပါဘူးဆိုတဲ့အပြောကို lee joon gi က “ ဒါက ဒရမ်မာလေ။ အဲလိုကြီး ခြုံငုံပြီးကောက်ချက်ချမနေပါနဲ့။ အပြင်မှာလည်း ဒီလိုချစ်တဲ့စုံတွဲတွေ ရှိပါတယ်” ဆိုပြီး ပြန်ရှင်းပြခဲ့ပါတယ်။

ကဲပရိသတ်ကြီးရော “Flower of Evil” ဆိုတဲ့ဇာတ်လမ်းကို ကြည့်နေပြီလား။ lee joon gi ရဲ့ပရိသတ်တွေဆိုရင် အပြေးလေးသွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အိုပါးရဲ့ ချောမောလှတဲ့ရုပ်ရည်ရူပကာ၊ ပီပြင်လွန်းတဲ့သရုပ်ဆာင်ချက်တွေနဲ့ အနမ်းစကေးတွေကို တဝကြီးကြည့်ရမှာနော်။ ဇာတ်လမ်းတွဲကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသာပတေးမှာ tvn ကနေ ပြသပေးသွားမှာ ဖြစ်ပါတယ်။

ET

sponsored