tvN ရဲ့ ဇာတ်လမ်းတွဲသစ် Link မှာ စားဖိုမှူးအဖြစ် ပါဝင်မယ့် သရုပ်ဆောင် Lee Joon Gi

LeeJoonGi_Instagram
Sponsored

သရုပ်ဆောင် Lee Joon Ki ကိုတော့ သူ့ရဲ့ ပရိသတ်တွေက မကြာခင်မှာ ဇာတ်လမ်းတွဲအသစ်နဲ့အတူ တွေ့ရတော့မှာ ဖြစ်ပါတယ်။

သူ့ကို ကမ်းလှမ်းထားတဲ့ tvN ရဲ့ Link ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ သတင်းတွေ ထွက်ရှိလာခဲ့ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ အတွင်းသတင်း သိတဲ့သူတစ်ယောက်က သရုပ်ဆောင် Lee Joon Gi က သူ့ကို ကမ်းလှမ်းလာတဲ့ အဓိက သရုပ်ဆောင်နေရာအတွက် လက်ခံလိုက်တယ်လို့ ထုတ်ဖော်ထားခဲ့ပါတယ်။

Sponsored

 

သရုပ်ဆောင် Lee Joon Gi ကတော့ ဒီဇာတ်လမ်းတွဲမှာ Eun Gyehoon အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ က အမြွှာညီမဖြစ်သူ ပျောက်သွားခဲ့တဲ့ ပတ်ဝန်းကျင်မှာပဲ စားသောက်ဆိုင်ဖွင့်ထားတဲ့ အမျိုးသားတစ်ယောက်အဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်လို့ kstarlive ကနေ ရေးထားခဲ့ပါတယ်။

READ
အမျိုးသမီးကျန်းမာရေးအတွက်မဖြစ်မနေလုပ်ပေးသင့်တဲ့ ယောဂလေ့ကျင့်ခန်း(၅)မျိုး

 

 

View this post on Instagram

 

A post shared by JG Love 💗🇸🇬 (@kayo.jg)

ဇာတ်လမ်းတွဲမှာတော့ ရုပ်ချောတဲ့ စားဖိုမှူးရှိလို့ သူ့ရဲ့ ဆိုင်ကို လာရောက်တဲ့ စားသုံးသူတွေလည်း အများအပြား ရှိထားတဲ့သူပါ။ တစ်နေ့မှာ သူ့ရဲ့ ဘဝကို အပြောင်းအလဲကြီး ဖြစ်စေခဲ့တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ ဒီလိုမျိုး တွေ့ဆုံပြီး ဘာတွေ ဆက်ဖြစ်မှာလဲ။ ပျောက်သွားတဲ့ ညီမဖြစ်သူကိုရော ပြန်တွေ့ရမှာလား၊ ညီမဖြစ်သူကရော ဘာလို့ ပျောက်သွားလဲဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။

 

ဒီ Link ဆိုတဲ့ ဇာတ်လမ်းတွဲက Lee Joongi ရဲ့ Flower of Evil အပြီးမှာ ထပ်မံ ပရိသတ်ရှေ့ကို တစ်နှစ်ကြာမှ ရောက်လာစေမယ့် ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

READ
ဘေးအပြောထက် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချသင့်တဲ့ အခြေအနေများ

Kham

sponsored