“Running Man” မှာဘယ်အချိန်ထိပါဝင်သွားမလဲ ဆိုတဲ့အဖြေကို ပြောပြခဲ့တဲ့ Lee Kwang Soo

ig by @sbsrunningman,@leekwangsoo
Sponsored

Lee Kwang Soo ကတော့ နာမည်ကျော် ကိုရီးယားမင်းသား တစ်လက်ဖြစ်ပြီး ကမ္ဘာကျော် Variety show တစ်ခုဖြစ်တဲ့ Running Man အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။2010 ခုနှစ်ကတည်းကစတင်ခဲ့တဲ့ Running Man အစီအစဉ်ကတော့ ယနေ့အချိန်ထိ ပရိတ်သတ်အခိုင်အမာနဲ့ ရပ်တည်နေဆဲပါ ။ Running Man အစီအစဉ်အကြောင်းနဲ့ သူ့ရဲ့ အနုပညာအကြောင်း  “tipsy interview” မှာဖြေကြားခဲ့တာတွေကို soompi ကအခုလို ဖော်ပြထားပါတယ်

 

 

View this post on Instagram

 

A post shared by 이광수 (@masijacoke850714) on

Sponsored

Kwang Soo ကတော့ ၅၂ ကြိမ်မြောက် Baeksang Arts Awards  ဆုပေးပွဲမှာလည်း အကောင်းဆုံး ဇာတ်ပို့ဆုးကို “Inseparable Bros” ရုပ်ရှင်ဇာတ်ကားနဲ့ရရှိခဲ့ပါတယ် ။

 

 

View this post on Instagram

 

👨‍❤️‍👨

A post shared by 이광수 (@masijacoke850714) on

ဆုရတာနဲ့ပတ်သတ်လို့ “ ကျတော်ဆုရတော့ မွေးနေ့မှာဆုတောင်းပေးကြတာထက် ပိုများတဲ့ ဂုဏ်ပြုစကားတွေ ၊ စာတွေရခဲ့တယ် ။ အကို Jae Suk ကလည်း မင်းအတွက် ငါအရမ်းအရမ်းကို ဂုဏ်ယူတယ် ၊ ဒါပေမယ့် ခုကစပြီး ပိုကြိုးစားဖို့လိုတယ်လို့ ပြောခဲ့ပါတယ်”

READ
Gong Hyo Jin ရွေးချယ်လိုက်တဲ့ သူမနဲ့ အတွဲအညီဆုံး မင်းသား...

Running Man အစီအစဉ်နဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေ အသိချင်ဆုံးဖြစ်တဲ့ ဘယ်အချိန်ထိ ပါဝင်သွားမှာလဲဆိုတဲ့ မေးခွန်းကိုတော့ Kwang Soo က “ အစီအစဉ် မဖျက်သိမ်း မချင်း ကျတော်ပါဝင်သွားမှာပါ။ Running Man ကြောင့်ပဲ Kwang Soo ဆိုတာဖြစ်လာတာလေ ၊ ကျတော် ဒီအစီအစဉ်ကို အရမ်းချစ်ပါတယ်” လို့ပြောခဲ့ပါတယ်


အဖွဲ့ဝင်တွေနဲ့ပတ်သတ်ပြီး ၁၀ နှစ်အတွင်းစကားများတာမျိုးရောရှိသေးလားလို့ မေးခဲ့ရာမှာတော့ “ ကျတော်သိသလောက်တော့ တယောက်နဲ့တယောက်လုံးဝ ရန်ဖြစ်တာမျိုးမရှိကြပါဘူး ။ တစ်ခြားအဖွဲ့ဝင်တွေကလည်း ပြောတယ် ၊ ငါတို့အဖွဲ့လောက် တယောက်နဲ့တယောက် အရမ်းအဆင်ပြေလိုက်ဖက်တာ သိပ်မရှိဘူး ဆိုပြီး” “ ပြဿနာတွေရှိခဲ့တာတော့ မှန်ပါတယ် ။ ဒါပေမယ့် အဲ့တာတွေကလည်း ပြင်ပပြဿနာတွေပါ ၊ အဖွဲ့ဝင်အချင်းချင်းထဲမှာတော့ လုံးဝမရှိခဲ့ပါဘူး ။ ဒါကပဲ ကျတော်တို့ အစီအစဉ် တည်မြဲနေရခြင်းအကြောင်းလို့ ကျတော်ထင်ပါတယ်” ဆိုပြီးဖြေခဲ့ပါတယ် ။

READ
အရပ်ကွာတဲ့ စုံတွဲလေးတွေက အလိုက်ဖက်ဆုံးဆိုတာပြသနေတဲ့ ကေဒရာမာစုံတွဲ (၅)တွဲ

 

ရုပ်ရှင်တွေရိုက်ရင် အချစ်ကားလုံးဝမရိုက်ပဲ ဟာသနဲ့ ဒရာမာသာရိုက်ရတဲ့ အကြောင်းက Running Man ကြောင့်လားလို့ မေးမြန်းရာမှာတော့ “ အချစ်ကားတွေ ရိုက်မှဖြစ်မယ်ဆိုပြီးလည်း ကျတော်မတွေးထားပါဘူး” တဲ့။

အပြင်မှာအချစ်ရေးအရမ်းအဆင်ပြေတော့ ရုပ်ရှင်ရိုက်စရာမလိုတာလားလို့ interviewer ကအရွှန်းဖောက်မေးမြန်းလိုက်တော့ “ အဲ့တာဆို အခုရုပ်ရှင်ရိုက်လိုက်ရမလားဆိုပြီး ရယ်ပြီးပြောခဲ့ပါတယ် ။” သူနဲ့ ချစ်သူ  Lee Sun Bin တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် မကြာခဏတော့ မတွေ့ဖြစ်ကြပေမယ့် အဆင်ပြေကြပါတယ်လို့လည်း ပြောခဲ့ပါသေးတယ်

AuntyMay ပရိတ်သတ်ကြီးရော Lee Kwang Soo နဲ့ Running Man ကိုဘယ်အချိန်ထိ မြင်တွေ့ချင်ကြသေးလဲ ….

#AuntyMay

sponsored