“The Penthouse” Season 2 မှာ Lee Sang Woo ပါဝင်မည်

Image:IG/Kim So Yeon
Sponsored

ပရိသတ်တွေ မျှော်လင့်နေတဲ့ “The Penthouse” Season 2 မှာ တော့ Kim So Yeon ရဲ့ ခင်ပွန်း  Lee Sang Woo က တော့ အထူးဧည့်သည် သရုပ် ဆောင် အဖြစ် နဲ့ ပါဝင် သွား မှာပါ။ YTN Star က နေ  Lee Sang Woo တစ်ယောက် SBS ရဲ့ Penthouse Season 2 မှာ ပါဝင် မယ်လို့ ဖော်ပြ ခဲ့တာပါ။ Kim So Yeon က တော့ ဒီဇာတ်ကားထဲမှာ ချောင်းဆောဂျင် ဆိုတဲ့ ဇာတ်ကောင် နေရာ က နေ ပါဝင် ထားပြီး ဟယ်ရာ နန်း တော် ထဲမှာ ရှိတဲ့ မကောင်း တဲ့ စိတ် မွေးသူ လူဆိုးတွေ ထဲက တစ်ယောက်ပါ။ဒီ အကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by 김소연 (@sysysy1102)

Sponsored

နောက်ပိုင်းမှာတော့ Lee Sang Woo ရဲ့ အေဂျင်စီ HM Entertainment ကေ န ဒီသတင်းကို အတည်ပြု ခဲ့ပါတယ်။နောက်လာမယ့် Season သစ် မှာ ပါဝင် သွားမယ်ဆိုတာ မှန် ကန် ကြောင်း ပြောခဲ့ပါတယ်။ Kim So Yeon နဲ့ Lee Sang Woo တို့က တော့ MBC drama “Happy Home” ဇာတ်ကား ရိုက်ရင်း နဲ့ ဆုံခဲ့ကြတာပါ။၂၀၁၆ မှာတော့ သူတို့ Relationship ကို တရားဝင် ချ ပြ ခဲ့တာပါ။၂၀၁၇ မှာတော့ နှစ်ယောက်သား လက်ထပ် ခဲ့ကြပါတယ်။ MBC ရဲ့  “How Do You Play?“ မှာတော့ ဇာတ်ကားထဲက သူမရဲ့ သရုပ်ဆောင် ချက်တွေ ကို မြင် တော့ ခင်ပွန်းသည် ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတဲ့ အ ကြောင်းကို အင်တာဗျူး ဖြေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by 김소연 (@sysysy1102)

Season 2 မှာ တော့ မင်းသမီး Ahn Yeon Hong လည်း ပါဝင် မယ်လို့ပြီး ခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း သတင်း တစ်ခု မှာ ဖော်ပြခဲ့ပါတယ်။ အခု တစ်ခါ မှာ လည်း Lee Sang Woo ပါ ၀င်သွားမယ်လို့ ထပ် ကြေညာခဲ့တာပါ။Season 2 မှာ တော့ သရုပ်ဆောင် သစ် တွေ က ဇာတ်ကောင် သစ် တွေ နဲ့ ဘယ်လို မျိုး ပုံ ဖော် ကြမလဲ ဆိုတာကို တော့ စောင့်ကြည့်ရမှာပါ။Season 2 ကို တော့ ဖေဖော်ဝါရီ ၁၉ မှာ ပြသ မှာပါ။

 

View this post on Instagram

 

A post shared by 김소연 (@sysysy1102)

#AUNTYMAY

sponsored