ကလေးစိတ်ပညာ Certificate ကို Lee Seung Gi ယူထားရတဲ့ အကြောင်းအရင်း

Image:IG/ SBS & Lee Seung Gi
Sponsored

Lee Seung Gi က တော့ ပရိသတ်တွေ ချစ်တဲ့ တောင်ကိုရီးယား မင်းသားချောပါ။အသက်က တော့ (၃၃)နှစ်ပါ။ ရုပ်ချောပြီး သဘော ကောင်းတဲ့ မင်းသား တစ်ယောက် အဖြစ်နဲ့ လူသိများပါတယ်။ My Girlfriend Is A Gumiho¸ A Korean Odyssey,  Vagabond ဆိုတဲ့ ဇာတ်ကားတွေ က တော့ ပရိသတ်တွေ ကြားမှာ အရမ်း ကို နာမည်ကြီးပါတယ်။စစ်မှုထမ်း ပြန်လာပြီး နောက်ပိုင်းမှာ အရင်ထက် တောင် ပိုပြီး နာမည်ကြီးလာခဲ့သူပါ။ ကလေးစိတ်ပညာ ဆိုင်ရာ အကြံပေးတိုင်ပင်ခံ Certificate Lee Seung Gi မှာ ရှိပါတယ်။သူဘာကြောင့် က လေးစိတ်ပညာကို သင်ယူ လေ့လာခဲ့ရလဲ ဆိုတဲ့ အကြောင်းအရင်း ရှိပါတယ်။ဒါကိုတော့ Cosmopolitan မှာ ဖော်ပြထားတာပါ။

Sponsored

တကယ်တော့ ဒါကို ဇာတ်ကား အတွက် လိုအပ်လို့ ယူထားရတာပါ။SBS ရဲ့ Little Forest ဆိုတဲ့ ဇာတ်ကားမှာတော့ သူ့ဇာတ် ကောင် အရ ကလေးတွေနဲ့ အတူတူ အချိန်ဖြုန်း ရမယ့် အခန်းတွေ ပါပါတယ်။ကလေးတွေကို သူ့ဆီမှာ ခဏ အပ် ထားရမယ့် မိဘ တွေ စိတ် ပူ ပန် နေ မှာပဲလို့ Lee Seung Gi က စဉ်းစားခဲ့ပါတယ်။ဆယ်လီ တစ်ယောက် ဆီမှာ ရိုက်ကူးရေး ကြောင့် သားသမီးတွေ အပ် ထား တဲ့ အခါ အဆင် ပြေ ပါ့မလားဆိုတဲ့ မိဘ တွေ ရဲ့ စိတ်ပူ စိုးရိမ်စိတ်ကို Lee Seung Gi  က ထည့် သွင်း စဉ်းစားပေးခဲ့တာပါ။ဒါ ကြောင့် သူ့ ဘက်က မိဘ တွေ စိတ်အေး နိုင် အောင် ကလေးစိတ်ပညာဆိုင်ရာ Certificate ရဖို့ ကြိုးစားခဲ့တာပါ။

 

View this post on Instagram

 

자기얼굴이 좋은가봐…😳 #kb금융그룹

A post shared by 이승기 Leeseunggi (@leeseunggi.official) on

သတင်းစာရှင်းလင်းပွဲ တစ်ခုမှာတော့” ကိုယ်တိုင်လည်း နောက်ပိုင်းမိသားစု တစ်ခု၊ကလေးတွေ ရ လာရင် သူတို့ ကို ဘယ်လို စောင့် ရှောက်မလဲ ဆိုတဲ့အ တွေးမျိုးေ တွးမိတယ်..” လို့ Lee Seung Gi   က ပြောခဲ့ပါ တယ်။ဒါကြောင့် ကေ လးတွေ နဲ့ အနီး ကပ် နေရမှာ ဖြစ်တာရယ်၊သူ့လို ဆယ်လီ တစ်ယောက် ဆီမှာ သားသမီးတွေ အပ်ထားရမှာ ကို မိဘတွေက အရမ်းစိတ်ပူ နေမှာ စိုးတာ တွေ ကြောင့် ကလေးစိတ်ပညာ Counselor Certificate ကို ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကိုရီးယား အနုပညာရှင် တော်တော်များများမှာတော့ လက်ရှိသူတို့ လုပ်နေတဲ့ အလုပ် အပြင် တခြား ပညာရပ်ေ တွကိုပါ တက် မြောက် ပြီး certificate ရထားသူတွေ ရှိပါတယ်။ Jung So Min ဆီမှာလည်း ကလေးစိတ်ပညာ Counselor Certificate ရှိပါတယ်။ Lee Seo Jin ဆီမှာတော့ ကလေးတွေ အတွက် ချက်ပြုတ် ပြင်ဆင်ေ ပးမှုဆိုင်ရာ cooking instructor certificate ရှိပါတယ်။ Lee Seung Gi    ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ဆိုရင်တော့ “Mouse” ဒရမ်မာကား လက်ခံထားပြီး (၂၀၂၁)လောက်မှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။

#AUNTYMAY

sponsored