သံပုရာသီးစိမ်ထားတဲ့ရေကို အမြဲသောက်ပေးခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ

Freepik- freepik
Sponsored

သံပုရာသီးဟာ လူ့ခန္ဓာကိုယ်ကိုအကျိုးပြုစေတဲ့ ဓာတ်တွေအများကြီးပါဝင်လို့နေပါတယ်။ အခုနောက်ပိုင်း ကျန်းမာရေးလိုက်စားသူတွေဟာ ရိုးရိုးရေတောင်မဟုတ်တော့ဘဲ ရေထဲကို သံပုရာကွင်းလေးတွေ ထည့်ပြီးသောက်လေ့ရှိကြပါတယ်။ ဒီလိုသောက်ခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုစေလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) ရေဓတ်ပိုပြည့်စေတယ်

Sponsored

အမျိုးသမီးတွေဟာ ပုံမှန်ရေဓာတ် ၉၁ အောင်စလိုအပ်သလို အမျိုးသားတွေကတော့ ၁၂၅ အောင်စတောင် လိုအပ်ပါတယ်။ ဒီတော့ ရိုးရိုးရေသောက်မယ့်အစား အရသာနဲ့အနံ့ပါအောင် သံပုရာသီးလေးထည့်ပေးခြင်းဟာ ရေကိုပိုသောက်ချင်စိတ်ဖြစ်စေတဲ့အတွက် ရေဓာတ်လည်း ပိုပြည့်ဝစေပါတယ်တဲ့။

Freepik-freepik

(၂) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် စီ

သံပုရာသီးမှာ ဗီတာမင် စီပါဝင်တယ်ဆိုတာ လူတိုင်း သိမှာပါ။ ဗီတာမင် စီ ဟာ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ ဓာတ်တွေထဲက တစ်ခုပါပဲ။ ဗီတာမင် စီ ဟာ antioxidant ဓာတ်ပေါကြွယ်ဝတဲ့အပြင် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက် သာမန်အအေးမိတာတွေအပြင် အူမဘကီးကင်ဆာ၊ သွေးတိုးခြင်းနဲ့ လေဖြန်းခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်။

READ
အဝတ်ဗလာနဲ့ အိပ်စက်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူး (၄) ခု

(၃) အသားအရေအတွက်

အသားခြောက်ခြင်းနဲ့ အရေးအကြောင်းဖြစ်ခြင်းတို့မှ ကာကွယ်ပေးတဲ့အပြင် နေလောင်ခြင်းကိုလည်း သက်သာစေပါသေးတယ်တဲ့။

Freepik-jcomp

(၄) ကိုယ်အလေးချိန်ကျစေတယ်

သံပုရာသီးဟာ polyphenol antioxidants တွေ ပါဝင်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ကျဆင်းစေမှုကိုလည်း အထောက်အကူပြုစေပါတယ်။

(၅) အစာကြေစေတယ်

သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ အစာကျေစေပြီး ဝမ်းမှန်စေပါတယ်။ နောက် အူတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ထုတ်ပေးပါသေးတယ်။

Freepik-KamranAydinov

(၆) ခံတွင်းအနံ့ကိုကောင်းစေတယ်

ထမင်းစားပြီးတိုင်း သံပုရာစိမ်ရေတစ်ခွက်သောကခြင်းဟာ စားကြွင်းစားကျန်တွေကို ချေဖြတ်ပေးတဲ့ အတွက်ကြောင့် ခံတွင်းနံ့တွေကိုလည်း ပျောက်စေပါတယ်။

ဒီနေရာမှာ သံပုရာသီးအစား ရှောက်သီးကိုလည်း အသုံးပြုနိုင်ပါတယ်။

penny

sponsored