ပြင်သစ်အမျိုးသမီးတွေဆီကနေ လေ့လာမှတ်သားသင့်တဲ့ ကောင်းမွန်တဲ့ အပြုအမူလေးတွေ

shutterstock/MaxFrost
Sponsored

ဘယ်အချိန်ကြည့်ကြည့် လှပကျော့ရှင်းပြီး ယုံကြည်မှု အပြည့်ရှိတဲ့ ပြင်သစ်အမျိုးသမီးတွေဆီက သင်ယူထားသင့်တဲ့ အလေ့အကျင့်ကောင်းလေးတွေ ရှိလို့နေပါတယ်။ သူတို့ အမြဲတမ်း ကြည့်ကောင်းဆွဲဆောင်မှုရှိနေရတဲ့ နောက်ကွယ်မှာ ဒီလိုအချက်တွေ ရှိလို့နေပါတယ်နော်။

လက်ရှိအချိန်ကို အကောင်းဆုံး ဖြတ်သန်းတယ်

shutterstock/GaudiLab

ပြင်သစ်အမျိုးသမီးတွေက အကြောင်းအရာ သေးသေးလေးအပေါ်မှာလည်း စိတ်ပျော်ရွှင်အောင် နေတတ်ကြသူတွေပါ။ ကိုယ့်ရဲ့ လက်ရှိအချိန်ကို အကောင်းဆုံး ဖြတ်သန်းကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဥပမာ – အလုပ်နားတဲ့အချိန် လေကောင်းလေသန့်လေး ရှုပြီး ကော်ဖီလေးတစ်ခွက်နဲ့ ကိုယ့်စိတ်ကို လန်းဆန်းစေတာမျိုးပေါ့။

ကိုယ်စိတ်ပျော်ရွှင်ဖို့ အချိန်ပေးတယ်

Sponsored

သူတို့တွေက သူတို့ကြိုက်တဲ့ အရာလေးတွေ၊ သူတို့ စိတ်ပျော်စေမယ့် အရာလေးတွေအတွက် အချိန်ပေးတတ်ကြပါတယ်။ စိတ်ညစ်စရာတွေကို တစ်ချိန်လုံး ခေါင်းထဲမှာ ထည့်မထားတတ်ပဲ ကိုယ်စိတ်ကို ပျော်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိတဲ့ သူတွေပါ။

READ
ကိုးရီးယားဒိတ်ဒိတ်ကြဲ မင်းသမီးများရဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်များ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက ပိုဆွဲဆောင်မှု မြင့်စေတယ်

shutterstock/ Anatoliy Cherkas

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက ဘယ်အရာနဲ့မှမတူပဲ ကိုယ့်ကို ပိုကြည့်ကောင်း ဆွဲဆောင်မှုရှိတယ်ဆိုတာကို ကောင်ကောင်း နားလည်ထားကြပါတယ်။ ဒါကြောင့်ပဲ သူတို့လုပ်သမျှ အလုပ်တွေကို ယုံကြည်မှုရှိရှိ လုပ်တတ်ကြသလို သူတို့ကို သူတို့ ယုံကြည်မှုရှိအောင် အမြဲကြိုးစားနေထိုင် တတ်ကြပါတယ်။

အစားအသောက်ကို ချစ်ခင်တယ်

နောက်ထပ် တစ်ချက်ကတော့ ပြင်သစ်အမျိုးသမီးတွေဟာ အစားအသောက်ကို ချစ်မြတ်နိုးတတ်တာပါ။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် ကိုယ်စားချင်တာလေးတွေကို နှစ်ခြိုက်စွာ စားသောက်တတ်ကြပါတယ်။ အစားအသောက်နဲ့ ပတ်သက်လာရင် သူတို့က ဂျီးများတာ၊ သူများတွေရှေ့မှာမို့ မစားရဲတာမျိုး လုံးဝမဖြစ်တတ်ကြပါဘူးနော်။

အသက်အရွယ်ကို ဂရုမစိုက်ဘူး

shutterstock/ Anatoliy Cherkas

အသက်အရွယ်က ကိန်းဂဏန်းတစ်ခုသာ ဖြစ်ပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံးနဲ့ လှလှပပ နေထိုင်တတ်ဖို့က အရေးကြီးတယ်ဆိုတာကို သဘောပေါက်ထားတတ်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ အသက်အရွယ် ကြီးရင့်မှုတွေကို ဂရုမစိုက်တတ်ကြပဲ အမြဲတမ်း တက်ကြွရွှင်လန်းလှပ နေတတ်ကြတာပဲ ဖြစ်ပါတယ်။

READ
မြွေ ချစ်တဲ့ ခွန်းဆင့်နေခြည်

ကိုယ်ပိုင်စတိုင်လ်ရှိတယ်

shutterstock/MaxFrost

သူတို့တွေက တစ်ခြားသူတွေကို အားကျနေတာထက် ကိုယ့်ကိုယ်ကို အားကျရတာကို ကြိုက်တတ်ကြသူတွေပါ။ ဒီတော့ တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်နေတာ၊ နှိုင်းယှဉ်ခံရတာမျိုးကို မကြိုက်တတ်ကြတဲ့ သူတွေဖြစ်လို့ ကိုယ်ပိုင်စတိုင်လ်နဲ့ ယုံကြည်မှုရှိရှိ လှလှပပ နေထိုင်တတ်ကြပါတယ်။ ဒီအချက်တွေက ပြင်သစ်အမျိုးသမီးတွေဆီက အတုယူသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Khin

sponsored