တီးတိုးဖော် သူငယ်ချင်းကောင်းရှိခြင်းက ဒီလိုကောင်းကျိုးတွေ ရစေနိုင်ပါတယ်

Unsplash/Aj Alao
Sponsored

သူငယ်ချင်းလို့ပြောလိုက်ရင် ကိုယ့်ရှေ့မှာတမျိုး၊ ကွယ်ရာကျတမျိုးနဲ့ အမျိုးမျိုးတွေ လုပ်တတ်တဲ့ သူမျိုးတွေမဟုတ်ဘဲ ဘာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရတဲ့ ပြောမနာဆိုမနာ တီးတိုးဖော် သူငယ်ချင်းကောင်း တယောက်လောက် ရှိနေတာဟာလည်း ဘဝမှာ ပိုပြီးနေပျော်စေမှာပါ။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေအရ ဆိုရင်လည်း တီးတိုးဖော် တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းကောင်းရှိခြင်းဟာ စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒီတော့ တီးတိုးဖော် သူငယ်ချင်းကောင်း တယောက်လောက်ရှိရုံနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

Unsplash/Trung Thanh

(၁)  အထီးကျန်ခြင်းကနေ ကင်းဝေးစေတယ်

Sponsored

ကိုယ့်မှာ ချစ်သူရည်းစားရှိရင်တောင် တခါတလေမှာ ကိုယ့်တီးတိုးဖော် သူငယ်ချင်းလေးနဲ့ စားချင်တာစား၊ သွားချင်တာသွားလိုက်ရရင် တော်တော်လေး စိတ်ပေါ့ပါးလန်းဆန်းသွားတာကို ခံစားရမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် လေးလံထိုင်းမှိုင်းပြီး အထီးကျန်နေသလို ခံစားနေရတဲ့အခါ တီးတိုးဖော် သူငယ်ချင်းတယောက် ရှိနေမယ်ဆိုရင် စိတ်ခံစားမှုတွေကို ကောင်းမွန်လာစေမှာ အမှန်ပါ။

(၂) အတွေးအမြင်သစ်တွေ ရရှိစေမယ်

READ
ဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်တတ်ဖို့ သင်ယူထားသင့်တဲ့ အခြေခံအကျဆုံး အချက်လေးတွေ

တခါတရံမှာ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတခုကို မိသားစုနဲ့ တိုင်ပင်ဖို့ အဆင်မပြေတဲ့အခါ တီးတိုးဖော် သူငယ်ချင်းနဲ့ တိုင်ပင်လိုက်ရုံနဲ့ အကြံဥာဏ်ကောင်းတွေ ရရှိပြီး ပြေလည်သွားတာမျိုး ကြုံဖူးကြမှာပါ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကိုယ့်ဘက်က ရှိနေပေးတဲ့ သူငယ်ချင်းလေးကြောင့် စိတ်ပျက်စရာ အခြေအနေတွေကနေ ကောင်းမွန်တဲ့ အခြေအနေတခုကို ရောက်ရှိသွားနိုင်ပါသေးတယ်။

Unsplash/Jorge Flores

(၃) ကိုယ့်အားနည်းချက် အမှားတွေကို ပြန်ပြင်လာနိုင်မယ်

ကိုယ့်တီးတိုးဖော် သူငယ်ချင်းကောင်းတွေဟာ ကိုယ့်အမှားတွေ၊ အားနည်းချက်တွေကို မညှာမတာ ထောက်ပြတတ်ပေမယ့် ကိုယ့်အပေါ် မနာလိုမှုကင်းကင်းနဲ့ အောင်မြင်စေချင်သူတွေပါ။ ကိုယ့်ရှေ့မှာ ဘယ်တော့မှ အကောင်းမပြောပေမယ့် ကိုယ့်လိုအပ်ချက်တွေကို ထောက်ပြနေတတ်တာကြောင့် အမှားတွေကို ပြန်ပြင်လာနိုင်မှာပါ။

Calcifer

sponsored