Panda Eye လေးတွေကို အပြီးတိုင် နှုတ်ဆက်စေနိုင်မယ့် နည်းလမ်းကောင်း (၅) ခု

Freepik- doucefleur
Sponsored

Panda eye လေးတွေကို ပျောက်စေဖို့အတွက် eye cream လိမ်းတာတွေအပြင် သဘာဝပစ္စည်းတွေရဲ့ အကူအညီတွေအပြင် နေထိုင်စားသောက်မှုပုံစံတွေလည်း လိုအပ်ပါသေးတယ်။ ဒါဆို panda eye လေးတွေပျောက်ဖို့အတွက် ဒီအချက်လေးတွေကို လိုက်နာလိုက်ပါ။

(၁) အအေးကိုအသုံးပြုပါ

Sponsored

ရေခဲကပ်ခြင်း၊ အေးစက်နေတဲ့အရာတစ်ခုနဲ့ မျက်လုံးကို ကပ်ထားခြင်း၊ ဒါမှမဟုတ် ဇွန်အနောက်ဖက်နဲ့ ကပ်ထားတာတွေဟာ မျက်လုံးအောက်က သွေးကြောတွေကို လျော့ကျစေတဲ့အတွက်ကြောင့် မျက်အိတ်ဖောင်းခြင်းနဲ့ မျကကွင်းညိုခြင်းကို သက်သာစေပါတယ်။ ၁၅ မိနစ်လောက် ကပ်ထားလိုက်ပါ။ တစ်ရက်ကို ၃၊ ၄ ခါလောက် လုပ်နိုင်ပါတယ်။

Freepik- cookie_studio

(၂) သခွားသီးကပ်ခြင်း

သခွားသီးဟာ အသားအရေကို ပြန်လည်ကောင်းမွန်စေတဲ့ healing effect ပါဝင်နေပါတယ်။ ရေခဲသေတ္တာထဲထည့်ထားတဲ့ သခွားသီးကို ပါးပါးလှီးပြီး ကပ်ပေးပါက ပိုပြီးထိရောက်စေမှာပါ။

(၃) လက်ဖက်ခြောက်အိတ်

လက်ဖက်ခြောက်ထုပ်လေးတွေ သောက်ပြီးရင် မလွှတ်ပစ်ဘဲ မျက်လုံးပေါ်မှာ အုပ်ထားကြည့်ပါ။ Antioxidant ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်ကွင်းညိုခြင်းကို သက်သာစေမှာပါ။

READ
တံတောင်ဆစ်မှာ အသားခြောက်ပြီး ကွဲအက်နေတာတွေကို ဖယ်ရှားနည်း (၃) မျိုး
Freepik- senivpetro

(၄) အစားအသောက်

ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် အေ၊ အီးနဲ့ B1 တို့အပြင် antioxidants တို့ ပေါကြွယ်ဝတဲ့ အစားအသောက်တွေကို အဓိကထားစားပြီး အသီးအရွက်စိမ်းတွေများများစားပေးပါ။ အရက်နဲ့ဆေးလိပ်ကိုရှောင်ကျဉ်ပါ။

(၅) လူမှုနေထိုင်ပုံ

အဓိကကတော့ အိပ်ရေးဝအောင်အိပ်ပြီး stress မများအောင်နေဖို့ကတော့ အဓိကပါပဲ။

Freepik- user18526052

penny

 

sponsored