Depression ဝင်နေတဲ့ကာလတွေမှာ ကိုယ့်ကိုယ်ကို ဒီလိုပုံစံအတိုင်း နေထိုင်လိုက်ပါ

Freepik- user14699452
Sponsored

စိတ်ဓာတ်ကျတယ်ဆိုတာ ကိုယ့်အပူကိုယ်ကိုသာအသိဆုံးဆိုတဲ့ ဝေဒနာထဲမှာပါဝင်နေပါတယ်။ ကိုယ့်စိတ်ထဲ ဘယ်လောက်ခံစားနေရတယ်ဆိုတာကို ကိုယ်ပဲသိတာမျိုးပေါ့။ Depression ဝင်နေတဲ့အချိန်ဆိုရင် အစားတောင် ထမစားချင်ဘဲနဲ့ အိပ်ယာထဲမှာပဲ တစ်နေကုန်ခွေပြီး ငူငူငိုင်ငိုင်ကြီးနဲ့ ငိုချင်ငိုနေမယ်၊ စိတ်တွေညစ်ရင် ညစ်နေမယ်ပေါ့။ ဒါပေမဲ့ ဒီလိုပဲ တစ်နေ့တာကို စိတ်အလိုလိုက် ဖြတ်သန်းနေမယ်ဆိုရင်တော့ depression တောထဲကနေ ရုန်းထွကလို့ရမှာမဟုတ်ပါဘူး။ ဒီတော့ သင်ဟာ depression ဝင်နေမယ်ဆိုရင် ဘယ်လိုမျိုး lifestyle မျိုးကို ပြောင်းလဲနေထိုင်သင့်တယ်ဆိုတာကို မျှဝေပေးသွားချင်ပါတယ်။

အိပ်ယာထဲမှာပဲမနေပါနဲ့

Sponsored

ဒါကတော့ ပထမဆုံးလုပ်ရမယ့် သင့်ရဲ့တာဝန်ပါပဲ။ Depression ဝင်တဲ့အခါ ဘာမှ မလုပ်ချင်မကိုင်ချင် ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြီးနေလို့မှမဖြစ်တာနော်။ အိပ်ယာထဲမှာပဲ ခွေနေပြီး ဘဝကို အရှုံးပေးမယ့်အစား depression ကို တိုက်ထုတ်ဖို့အတွက်အရင်ဆုံး အိပ်ယာထဲကနေ ထလိုက်ပါ။

READ
မကြာခဏ အသဲကွဲလေ့ရှိပြီး စိတ်နုတဲ့ ကိုကို၊မမတွေ သတိထားရမယ့် အရာများ
Freepik- freepik

သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နေပါ

လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပြင်ပြင်ဆင်ဆင်နေခြင်းတွေကလည်း စိတ်ကိုအများကြီးသက်ဆိုင်လို့နေပါတယ်။ စိတ်ဓာတ်ကျနေပါတယ်ဆို ရေမချိုး၊ ဆံပင်စုတ်ဖွား၊ မျက်နှာအဆီတစ်ဝင်းဝင်းနဲ့နေခြင်းဟာ စိတ်ကိုပိုပြီး ညစ်ညူးစေတဲ့အတွက် ဒီလိုကာလမျိုးမှာ ကိုယ့်ကိုယ်ကို လှအောင်နေဖို့ကလည်း အရေးကြီးပါသေးတယ်။

လေ့ကျင့်ခန်းလုပ်ပါ

တခြားအချိန်တွေမှာ လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင်မှပဲ ဒီလိုအချိန်မျိုးမှာ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခု လုပ်ကိုလုပ်ပေးသင့်ပါတယ်။ Gym ဆော့လိုက်တာမျိုး ဒါမှမဟုတ်လည်း ထပြေးလိုက်တာမျိုး တစ်ခုခုပေါ့။ ချွေးထွက်သွားတဲ့အခါ သင့်ရဲ့ စိတ်ပင်ပမ်းဖိဆီးမှုတွေလည်း အနည်းငယ်တော့ လျော့ကျသွားမှာပါပဲ။

Freepik- lifeforstock

လူတွေနဲ့စကားများများပြောပါ

တစ်ယောက်တည်းမနေဖို့ဆိုတာလည်း depression ဝင်နေတဲ့ လူတစ်ယောက်ရဲ့ lifestyle မှာ အများကြီး သက်ဆိုင်လို့နေပါတယ်။ ကိုယ့်ကို ချစ်တဲ့လူတွေအနားမှာနေပါ။ သူတို့နဲ့အတူတူ ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးပါ။ မဟုတ်လည်း ရင်ဖွင့်ပါ။ နှစ်သိမ့်မှုခံယူပါ။ ဒီလိုအချိန်မှာ အကူအညီယူတာ သင့်အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

တရားထိုင်ပါ

အနည်းဆုံး ၁၀ မိနစ်လောက် တရားထိုင်ခြင်းဟာလည်း သင့်ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းစေမှာဖြစ်ပါတယ်။ Depression ဝင်တဲ့အခါမျိုးမှာ စိတ်ဟာ မတည်မငြိမ်ဖြစ်ပြီးတော့ မကေင်းတဲ့အတွေးတွေကိုပဲ ဆက်တိုက်ဆိုသလို စဉ်းစားမိနေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ သင့်အနေနဲ့ စိတ်ကို ရှင်းလင်းသွားအောင် တရားလေးကို အမြဲမပြတ်ထိုင်ပေးပါ။

READ
သူငယ်ချင်းတွေကြားမှာ ဘယ်တော့မှ ပြောဖို့မလိုအပ်တဲ့ အကြောင်းအရာများ
Freepik- freepik

စိတ်ဓာတ်ကျစရာတွေကို မစဉ်းစားပါနဲ့

ဒါကတော့ အရေးအကြီးဆုံးအချက်ပါပဲ။ Depression ဆိုတာ စိတ်ရောဂါတစ်ခုဖြစ်တဲ့အတွက် စိတ်ကိုစိတ်နဲ့တိုက်ထုတ်မှပဲ ရနိုင်မှာပါ။ ဒါကြောင့် တတ်နိုင်သမျှ လုံးဝကို စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ လုံးဝမတွေးပါနဲ့။ ဟာသကားတွေကြည့်ပါ။ အစိမ်းရောင်အပင်လေးတွေကိုကြည့်ပါ။ ချစ်စရာ ကလေးလေးတွေနဲ့ တိရိစ္ဆာန်လေးတွေကို ကြည့်ပါ။ ပျော်ရွှင်ဖွယ်သီချင်းတွေနားထောင်ပါ။

penny

sponsored