မနှစ်က ဖြစ်ခဲ့တဲ့ ကားတိုက်မှုအတွက် ဝမ် ၇ သန်း ဒဏ်ကြေးဆောင်ခဲ့ရတဲ့ Lim Seulong

IG/koregundemi
Sponsored

2AM’s Seulong ကတော့ မနှစ်က ကားတိုက်မှု ဖြစ်ခဲ့ပြီး အဆိုပါ ကားတိုက်မှုကနေ လူသေဆုံးသွားခဲ့ပါတယ်။ မိုးရေထဲမှာ ကားမောင်းရာကနေ လမ်းသွားလမ်းလာတစ်ဦးကို မတော်တဆ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ လူကူးတဲ့ မီးက နီနေပေမယ့် လမ်းဖြတ်ကူးခဲ့တဲ့သူကို တိုက်မိသွားတာ ဖြစ်ပြီး ယာဉ်တိုက်မိတဲ့ အခြေအနေကြောင့် သေဆုံးသွားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဒီမတော်တဆမှုအတွက်လည်း ထိတ်လန့်ခဲ့ရသလို ပရိသတ်တွေကလည်း သူ့ကို စိတ်ပူမှုတွေ ရှိခဲ့သလို ဒီလိုမျိုး မတော်တဆမှုအတွက် စိတ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Kpopn (@kpopnofficial)

Sponsored

ယာဉ်မတော်တဆမှုတွေကို ထိန်းချုပ်တဲ့ ဥပဒေတွေအရ Seulong အတွက် မတော်တဆ ဆိုပေမယ့် ယာဉ်တိုက်မှုလည်း ဖြစ်ခဲ့ပြီး လူပါ သေဆုံးသွားခဲ့တာကြောင့် နစ်နာသူ မိသားစုနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။ မနှစ်က နိုဝင်ဘာလမှာ ဆိုးလ်အနောက်ပိုင်းခရိုင် ရှေ့နေရုံးကနေ တရားစွဲဆိုတာနဲ့ ပတ်သတ်ပြီး ဒဏ်ကြေး မသတ်မှတ်နိုင်ပေမယ့် ကျန်ရစ်သူ မိသားစုအပေါ် ထားရှိတဲ့ Seulong ရဲ့ ဆန္ဒကို ပြန်လည်သုံးသပ်သွားမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

READ
အပျိုကြီးလို့ခေါ်ပြီး ယောက်ျားအတင်းယူခိုင်းနေတဲ့သူတွေကို ပြန်လည်ချေပဖို့စကားများ

 

ဒီလိုမျိုး မိသားစုနဲ့ တရားရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ဒီ မတော်တဆမှုမှာ Seulong ရဲ့ အမှားလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတာကြောင့် ဒီလိုမျိုး သေဆုံးမှု ဖြစ်ခဲ့တဲ့အတွက် ကိုရီးယားဝမ် ၇ သန်း ပေးဆောင်ရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by 아이엠! 은희 (@knh_2am_0711)

Seulong ကတော့ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တဲ့အချိန်မှာ နစ်နာခဲ့သူ လမ်းသွားလမ်းလာက မီးနီကို မကြည့်ဘဲ မဆင်မခြင် လမ်းကူးခဲ့သလို Seulong ကလည်း မတော်တဆ ဖြစ်တဲ့အချိန်မှာ အရက်သေစာ သောက်သုံးထားမှု မရှိတာကို သက်သေပြနိုင်ခဲ့ပါတယ်လို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။

READ
အချစ်ဆုံး သူငယ်ချင်းအဖြစ် ဘယ်လိုအချက်တွေနဲ့ သတ်မှတ်သင့်တာလဲ

 

 

View this post on Instagram

 

A post shared by Seventeen noona (@sebongie_nuna)

Kham

 

sponsored