ကကွက်အဆန်းတွေ ထွင်ပြီး ပရိသတ်တွေ အချစ်တွေကို ထပ်ရရှိတဲ့ Lisa

IG/pinks_ot4
Sponsored

Blackpink အဖွဲ့ကတော့ တီဗီအစီအစဉ်တွေမှာလည်း အလျဉ်းသင့်သလို ပါဝင်ဖျော်ဖြေလျက် ရှိပါတယ်။ running man အစီအစဉ်မှာလည်း ပါဝင်ဖို့ လက်ခံခဲ့သလို Knowing Bros ဆိုတဲ့ ရုပ်သံအစီအစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။

Knowing Bros အစီအစဉ်ကတော့ ၂၀၁၅ ခုနှစ်တည်းက စတင်ခဲ့တဲ့ အစီအစဉ် တစ်ခုဖြစ်ပြီး Idol တွေ သရုပ်ဆောင်တွေပါဝင်တဲ့ အစီအစဉ် တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ချို့သော ကိုယ်ရေးကိုယ်တာတွေကို အပျော်သဘော မေးကြလေ့ ရှိသလို challenge တွေလည်း လုပ်ရတဲ့ အစီအစဉ်ပါ။

Sponsored

 

Knowing Bros မှာ Blackpink ပါဝင်ခဲ့ပြီးတဲ့နောက် အစီအစဉ်မှာ သူတို့ရဲ့ ကကွက်အသစ်အဆန်းတွေကို ပရိသတ်တွေက မြင်ခွင့် ရခဲ့ပါတယ်။ ဒီလို မြင်ကွင်းက လုံးဝ Blink တွေအပြင် တခြားသော ပရိသတ်တွေကိုပါ ပျော်ရွှင်ရစေခဲ့ပါတယ်။ ပရိသတ်တွေကြားမှာတော့ Lisa ရဲ့ ကကွက်အဆန်းကြီးတွေကို မြင်ခဲ့ကြပြီး အချစ်တွေ ပိုနေခဲ့ကြပါတယ်။

READ
ချစ်သူကိုကိုတွေသာ ဒီ(၅) ချက်ကို လိုက်နာရင် ချစ်သူနဲ့ဘယ်တော့မှ ရန်ဖြစ်စရာမရှိတော့ပါဘူး

 

ထိုင်းနိုင်ငံကသူတွေ ကလေ့ ရှိတဲ့ ကကွက်တစ်ခုကို Lisa က အသစ် ထပ်ထွင်ပြီး ကထားတာ ဖြစ်ပါတယ်။ အစီအစဉ်မှာ တူတူ ပါဝင်ခဲ့တဲ့ တခြားသော အနုပညာရှင်တွေကလည်း ဒီကကွက်ကို သဘောကျပြီး လိုက်ကခဲ့လို့ Lisa က သင်ပေးလိုက်ပါသေးတယ်။ Lisa ဘယ်လိုတွေ ကထားလဲဆိုတာကို ဗီဒီယိုမှာ တွေ့ရမှာပါနော်။

READ
ကောင်လေးတွေ သင့်ကိုကြိုက်ရုံပဲကြိုက်ပြီး ဆက်ချဉ်းကပ်ဖို့မကြိုးစားရတဲ့ အကြောင်းအရင်း

ထိုင်းကကွက်ကို အဆန်းထွင်ရုံမက Lisa က မျက်နှာထားအသေနဲ့ တခြား အကတွေကိုလည်း ရယ်စရာ ဖြစ်အောင် ကထားပါသေးတယ်။ တကယ့်ကို ဟာသဉာဏ်ရှိတဲ့ ကောင်မလေးပါပဲ။ ဒါကြောင့် ပရိသတ်တွေက သူမကို ပိုပြီး အချစ်ပိုနေလျက် ရှိပြီး သဘောအကျကြီး ကျနေလျက် ရှိပါတယ်။

တကယ့်ကို အကဘုရင်မ တစ်ပါးလို့ ဆိုရလောက်တဲ့ အနုပညာရှင် တစ်ယောက်ပါပဲ။

Kham

sponsored